စုဘူးအကောင့်များဖွင့်ပြီး အခမဲ့ကာကွယ် ရွှေသားဆုလည်းကံစမ်းမယ် 

လုံခြုံစိတ်ချရပြီး စိတ်အေးချမ်းသာယာတဲ့ မိသားစု အနာဂတ်ဘဝပိုင်ဆိုင်ဖို့ ငွေစုဆောင်းခြင်းအပြင် အသက်အာမခံထားရှိခြင်းဟာ သင့်ဘဝအတွက် အကောင်းမွန်ဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခုပါပဲ။

ဒါကြောင့် ချစ်ခင်လေးစားရတဲ့ Customer များအတွက် ကမ္ဘောဇဘဏ်၏ Dai-ichi Life Insurance Myanmar ကောင်တာရှိတဲ့ ဘဏ်ခွဲတိုင်းမှာ စုဘူးအကောင့်ဖွင့်ကာငွေစုဆောင်းပြီး Dai-ichi အသက်အာမခံအကာအကွယ်ထားရှိရုံနဲ့ သင့်မိသားစုဝင်တစ်ဦးအတွက် အခမဲ့အသက်အာမခံ အကာအကွယ်ကို ရယူနိုင်မယ့်အပြင် 

  • လစဉ်ရွှေသားဆုများ၊ 
  • Huawei Smart Watch Fit 4 Pro၊ 
  • Smart Home Red Low Sugar Rice Cooker၊ 
  • Midea 3.5 Liters 1500W Air Fryer၊ 
  • REMAX FP-6 60000mAh 100W LED Fast Charging Power Bank စတဲ့ ဆုများစွာ ကံထူးနိုင်မယ့် အစီအစဉ်ကို မိတ်ဆက်ပေးလိုက်ပါတယ်။ 

ဒီအစီအစဉ်မှာ ပါဝင်မယ်ဆိုရင် စုဘူးအကောင့်တွေဖြစ်တဲ့ 

  • မင်္ဂလာစုဘူး
  • အနာဂတ်အိမ်စုဘူး
  • ရင်သွေးစုဘူး တို့မှ ကြိုက်နှစ်သက်ရာအကောင့်အား အကောင့်သစ်ဖွင့်လှစ်၍ ငွေကျပ် (၅)သိန်းကို (၃)လ (သို့မဟုတ်) (၆)လ ဆက်တိုက်စုဆောင်းထားရှိပါက တစ်နှစ်စာ အခမဲ့အသက်အာမခံအကာအကွယ် ရရှိမှာဖြစ်ပါတယ်။ 

ဒါ့အပြင် Lucky Draw အစီအစဉ်မှာ ပါဝင်ကံစမ်းနိုင်ဖို့အတွက်လည်း Dai-ichi Life Pro (သို့မဟုတ်) Dai-ichi LIFECARE ကို ဝယ်ယူပြီး ကနဦး ပရီမီယံကြေး (၁၀)သိန်း ပေးသွင်းပါက Lucky Draw လက်မှတ်တစ်စောင်ရရှိမှာဖြစ်ပါတယ်။ 

အစီအစဉ်ကာလကတော့ အောက်တိုဘာလ (၁) ရက်နေ့ ၂၀၂၅ ခုနှစ် မှ ဇန်နဝါရီလ (၃၁) ရက်နေ့ ၂၀၂၆ 

ခုနှစ်အထိဖြစ်တာကြောင့် ကိုယ့်အတွက်သာမက မိသားစုအတွက်ပါ ငွေကြေးခိုင်မာတဲ့အနာဂတ်ရရှိပြီး စိတ်ချလုံခြုံတဲ့ဘဝကို ပိုင်ဆိုင်ဖို့ အခုပဲပါဝင်လိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ 

အစီအစဉ် အသေးစိတ်ကို ဤ လင့်ခ် မှာဝင်ရောက်လေ့လာနိုင်ပါတယ်။ 

စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များရှိပါသည်။