တိုးတက်အောင်မြင်မှုများဖြင့် ကမ္ဘောဇဘဏ်ရဲ့ ၃၁ နှစ်မြောက် နှစ်ပတ်လည်နေ့

ကမ္ဘောဇဘဏ်ဟာဆယ်စုနှစ် သုံးခုကျော်အတွင်း ပြောင်းလဲလာတဲ့ အခြေအနေတွေကို ရင်ဆိုင်ရင်း၊ စိန်ခေါ်မှုတွေကို လက်ခံရင်းနဲ့ အောင်မြင်မှုများစွာကို ဆင်နွှဲလာခဲ့တာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှာဆိုရင် (၃၁) နှစ်ပြည့်မြောက်ခဲ့ပါပြီ။ 

ကမ္ဘောဇဘဏ်ရဲ့ စံတန်ဖိုးတွေကို မြဲမြံစွာ ထိန်းသိမ်းထားရင်း၊ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ဘဝတွေကို ဘဏ်လုပ်ငန်းကတစ်ဆင့် ပိုမိုကောင်းမွန်လာအောင် လုပ်ဆောင်ပေးဖို့ဆိုတဲ့ ခရီးစဉ်မှာ တစ်လှမ်းချင်း တိုးတက်တဲ့ အောင်မြင်မှုပန်းတိုင်တိုင်းဟာ သက်သေပါပဲ။ 

ကမ္ဘောဇဘဏ် (၃၁) နှစ်ပြည့် ခရီးစဉ်ဟာ ဘဏ်အပေါ် ယုံကြည်စွာအားပေးကြတဲ့ မိတ်ဆွေများ၊ အစဉ်တစိုက်ကြိုးစားလုပ်ဆောင်ပေးကြတဲ့ ဝန်ထမ်းများနဲ့ ခိုင်မာတဲ့ မိတ်ဖက်အဖွဲ့အစည်းများ မရှိဘဲနဲ့တော့ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ အားလုံးရဲ့ ယုံကြည်မှုများအတွက် အထူးပင် ကျေးဇူးတင်ရှိပါတယ်။  

အားလုံးရဲ့ ပံ့ပိုးကူညီမှုတွေဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပြီး  Customer များအားလုံး စိတ်ချယုံကြည်စွာ အသုံးပြုနိုင်မယ့် ဘဏ်လုပ်ငန်းစနစ်တစ်ခုကို ဆက်လက်ဖန်တီးဖို့လည်း ယုံကြည်ချက်ရှိပါတယ်။ 

ရှေ့လာမယ့်နှစ်များမှာလည်း ကမ္ဘောဇဘဏ်ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ “မြန်မာနိုင်ငံတွင် လူတိုင်းရာနှုန်းပြည့်ပါဝင်နိုင်သည့် ဘဏ္ဍာရေးစနစ်အကောင်အထည်ဖော်နိုင်ရေး” ပိုမိုကြိုးပမ်းရင်းနဲ့ ဝန်ဆောင်မှုနယ်ပယ်ကို ချဲ့ထွင်ဖို့၊ ဆန်းသစ်တဲ့ နည်းလမ်းတွေကို ဖော်ဆောင်ဖို့နဲ့ အားလုံးအတွက် ပိုမိုပြည့်စုံတဲ့ ဘဏ္ဍာရေးစနစ်တစ်ခု ဖန်တီးဖို့အတွက် ရည်မှန်းထားပါတယ်။ 

ကမ္ဘောဇဘဏ်ဟာ မြန်မာနိုင်ငံအတွက် ပိုမိုကြီးမားတဲ့ အခွင့်အလမ်းတွေနဲ့ အကျိုးသက်ရောက်မှုတွေကို လုပ်ဆောင်သွားမှာဖြစ်ပြီး ဘဏ်လုပ်ငန်းဆောင်တာများကိုလည်း နိုင်ငံတကာအဆင့်မီခေတ်မီတိုးတက်ဖို့ဆက်လက် လုပ်ဆောင်သွားမှာဖြစ်သလို စိတ်ချရတဲ့ ဘဏ်ဝန်ဆောင်မှုများကို ပေးအပ်သွားမှာဖြစ်ပါတယ်။ 

ကမ္ဘောဇဘဏ်ရဲ့ ကောင်းမွန်သောရည်မှန်းချက်များအပေါ်မှာ  ယုံကြည်ရင်းဖြင့် နောက်နှစ်ပေါင်းများစွာ အတူဆက်လက်လျှောက်လှမ်းသွားကြပါစို့။