အချိန်ကာလကြာမြင့်စွာ အသုံးမပြုဖြစ်သော ဘဏ်စာရင်းများနှင့်ပတ်သက်၍ အသိပေးကြေညာချက်

လေးစားအပ်ပါသော ကမ္ဘောဇဘဏ် Customer များ။

ဘဏ်စာရင်းများအား ၇ နှစ်နှင့် အထက်  အသုံးပြုခြင်းမရှိပါက အသုံးမပြုသောဘဏ်စာရင်း (Dormant) အဖြစ်သတ်မှတ်ပြီး စာရင်းထိန်းသိမ်းခအဖြစ် နှစ်စဉ် ၃,၀၀၀ ကျပ်ကိုပေးဆောင်ရမည်ဖြစ်ပါသည်။ 

လူကြီးမင်းတွင် ၇ နှစ်နှင့်အထက်  အသုံးပြုခြင်းမရှိသည့် ဘဏ်စာရင်းများရှိပါက အဆိုပါဘဏ်စာရင်းများအား ပြန်လည်အသုံးပြုနိုင်ရန်အတွက် နီးစပ်ရာ ကမ္ဘောဇဘဏ်ခွဲတွင် ကိုယ်တိုင် Transaction ပြုလုပ်ပေးရန်လိုအပ်ပါသည်။ အသေးစိတ်သိရှိလိုပါက KBZ Bank Call Center 09951018555 သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။