လက်ဆောင်ပစ္စည်း နှင့် ပတ်သက် စည်းမျဉ်း ထုတ်ပြန်ချက်

က။ နိဒါန်း

  • အရည်အသွေးနှင့် ဖြောင့်မတ်မှန်ကန်မူသည် မိမိတို့ဘဏ်၏ ဂုဏ်သိက္ခာ အတွက် အဓိကအချက် ဖြစ်ပါသည်။ ထိုဂုဏ်သိက္ခာ ထိပါးနိုင်သော မည်သည့်အကြောင်းအရာမဆို ဝန်ထမ်းများ အနေဖြင့် ( လုပ်ငန်းတာဝန် ထမ်းဆောင်နေစဉ် ကာလတစ်လျောက်လုံး ) ပြုလုပ်ခွင့် မရှိပါ။
    ဤလက်ဆောင်ပစ္စည်း နဲ့ ပတ်သတ်၍ စည်းမျဉ်းထုတ်ပြန်ချက်ကို ပြန်ဌါန်းရခြင်းမှာ အမှန်တကယ် ဖြစ်ပေါ်လျက်ရှိသော / ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများကိုကာကွယ်ရန်အတွက် မိမိတို့ ဘဏ် အနေဖြင့် လက်လံကျင့်သုံးရခြင်း ဖြစ်ပါသည်။ ကမ္ဘာဇဘဏ်လိမိတက် ၏ ကောင်း/ဆိုး ပုံရိပ်သည် ဝန်ထမ်းအားလုံး၏ လုပ်ဆောင်ချက် များပေါတွင် များစွာ သက်ရောက်မူ ရှိသည် ဖြစ်ပါသဖြင့် ဝန်ထမ်းများ အားလုံးအနေဖြင့် ဘဏ်၏ ကောင်းသောပုံရိပ် ကို အဆင်အမြဲထိန်းသိမ်း နိုင်ရန် မိမိတို့ စိတ်ဓာတ်ခံယူချက်ကို အမြင့်မား ဆုံး ထားရမည်။
  • ယေဘုယျ အားဖြင့် ဘဏ်ဝန်ထမ်းများအားလုံးသည် ဘဏ်၏ ပုံမှန် Customer များ၊ နောင်တွင် ဘဏ်၏ Customer ဖြစ်လာမည့်သူများ၊ လုပ်ငန်းအပ်နှံသူများ၊ အခြားဝန်ဆောင်မူပေးသူ အဖွဲ့အစည်းများ၊ ဘဏ်နဲ့ ပတ်သတ်၍ လုပ်ငန်းဆောင်ရွက်နေသူများထံမှ ပေးအပ်သော တန်ဖိုး နည်း/များ လက်ဆောင်ပစ္စည်းများ ဧည့်ခံကျွေးမွေးဖျော်ဖြေမူများစသည်တို့ကို မည်သည် အကြောင်းပြချက်ဖြင့်မဆို လက်ခံခွင့်မရှိပါ။ ထို့အပြင် ဘဏ်နဲ့ပတ်သက်သောလုပ်ငန်းစဉ်များ ဆောင်ရွက်မူအတွက်အဆင်ပြေချောမွေ့စေရန် ရည်ရွယ်ခြင်း / ညှိနိူင်ခြင်း ဆိုသောအမြင်များကို ဖြစ်ပေါစေနိုင်သည့် ပုံစံမျိုးဖြင့် ပေးအပ်သော လက်ဆောင် ပစ္စည်းများ စသည်တို့ကိုလည်း လက်ခံခြင်း မပြုရပါ။ ထိုနည်းတူစွာ ဝန်ထမ်းတို့ မိသားစုဝင်တိုသည်လည်း အထက်ပါဘဏ်၏ Customer များ စသည်တို့မှ ပေးအပ်သော လက်ဆောင်များကို မည်သည့်အကြောင်းနှင့်မဆို မည်သည့်အခါတွင်မှ လက်ခံခွင့်မရှိပါ။
  • ငွေကြေးလက်ဆောင်များဖြစ်စေ ငှင်းတို့နှင့် ညီမျှသည့် ( ဥပမာ လက်ဆောင်ကတ်များ – Gift Voucher များ) အား မည်သည်အကြောင်းမှ ( လုံး၀ ) လက်ခံခွင့်မရှီပါ။
  • ထိုကဲ့သို့သော လက်ဆောင်ကို ( ဥပမာ – လူအများရှေ့တွင်ပေးသော အခါ ) ပေးအပ်သူအနေဖြင့် စိတ်အနှောက်အယှက် ဖြစ်စေရာ အခြေအနေမျိုး မရောက်ရှိစေပဲ ညင်းဆန်ရန်မဖြစ်နိုင်သော အခြေအနေမျိုးရှိသည်ကိုလည်း နားလည်အသိမှတ်ပြုပါသည်။ ထိုအခါမျိုးတွင်အထူး ချွင်းချက်အနေဖြင့် ထိုလက်ဆောင်မျိုးကို လက်ခံစေ၍၊ ယင်းနောက်တွင် ဝန်ထမ်းမှ သတ်မှတ်ထားသော လုပ်ထုံးစည်းမျဉ်းများအတိုင်း သက်ဆောင်ရာဌာနထံ အတိအလင်း သတင်းပေးရန် လိုအပ်ပါသည်။
  • ဤလက်ဆောင်ပစ္စည်း နှင့်ပက်သတ်၍ စည်းမျဉ်းထုတ်ပြန်ချက်တွင် လက်ဆောင်များနှင့် ဖျေဖျော်ဧည့်ခံမူများကို အဓိကထား ဖော်ပြလိုပါသည်။ လက်ဆောင်များပေးခြင်းနှင့် ဖျေဖျော်ဧည့်ခံမူများ ပြုလုပ်ပေးခြင်းသည် က အစိုးရမှ သတ်မှတ်သည့် သီးခြားအကြောင်းအရာတစ်ရပ်ဖြစ်၍ သင်တို့သည် လက်ဆောင်၊ ဖိတ်ကြားမူ၊ ကံစမ်းမဲ သို့မဟုတ် တစ်ခြားသော ဆုမဲများလက်ခံခြင်းနဲ့ စပ်လျဉ်းပြီး စုံစမ်းမေးမြန်းလိုပါက လက်ခံမူ မပြုမှီ ကြိုတင်ပီး ဌာနမန်နေဂျာ သို့မဟုတ် လူ့စွမ်းအား အရင်းအမြစ်သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

ခ။ အသုံးဝင်မူ အတိုင်းအဆ

  • ဤစည်းမျဉ်းထုတ်ပြန်ချက်သည် အချိန်ပိုင်းဖြစ်စေ၊ အချိန်ပြည့်ဖြစ်စေ၊ အချိန်ကာလ အပိုင်းအခြား အလိုက် စာချုပ်ထားခြင်းဖြင့် ဖြစ်စေ၊ ဤဘဏ်တွင် အလုပ်တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ အားလုံးနှင့် အကျုံးဝင် သက်ဆိုင်ပါသည်။
  • ဝန်ထမ်းတစ်ဦး၏ လုပ်ငန်းဆိုင်ရာပေါင်းသင်းဆက်ဆံရေးများတွင် လက်ဆောင်ပေးခြင်းအားဖြင့် သာမန်လုပ်ငန်းဆိုင်ရာ ကျင့်သုံး သို့မဟုတ် လူမူရေးဆိုင်ရာ လုပ်ထုံးလုပ်စဉ် တစ်ခုအနေဖြင့် ကျင့်သုံးသော အခြေအနေများပေါပေါက်လာစေနိုင်ပါသည်။ ဝန်ထမ်းတစ်ဦးကိုဖြင့်စေ မိသားစုကိုဖြစ်စေ ထိုသို့ လက်ဆောင်ပေးခြင်းသည် ထိုဝမ်ထမ်းကို ခက်ခဲသော အခြေအနေတစ်ခုသို့ ရောက်ရှိစေနိုင်ပါသည်။ ထို့ကြောင့် မည်သည်ဝန်ထမ်းတစ်ဦးတစ်ယောက်နှင့်မျှ မည်သည့်မိသားစုဝင်နှင့်မျှ ဘဏ်နှင့် လုပ်ငန်းဆိုင်ရာဆက်ဆံမူများ ရှိနေနှင့်သော သို့မဟုတ် ရှိလာနိုင်သော လူထံမှ လက်ဆောင်လက်ခံခြင်းလုံး၀ မပြုလုပ်သင့်ပါ။

ဂ။ လက်ဆောင်ဆိုသည်မှာ

လက်ဆောင်မူဖော်ပြရာတွင် အောက်တွင်ဖော်ပြထားသောအရာများ ပါရှိသလို မပါရှိသည်များလည်း ပါဝင်နိုင်သည်။

  • ဝန်ဆောင်မူပေးသည်များ၊ ကုန်ပစ္စည်းတင်သွင်းသူများ၊ Customers များ၊ ဝန်ထမ်းဖြစ်လာရန် အလားအလာ ရှိသူများ၊ ဝန်ဆောင်မူပေးသူနှင် ကုန်ပစ္စည်း တင်သွင်းပေးသူ အလားအလာရှိသူများ သို့မဟုတ် အခြားမည်သည့် တစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုမှပေးအပ်သော ငွေကြေး၊ကုန်ပစ္စည်း၊ဝန်ဆောင်မူတစ်ခုခုနှင့် အခြားသော မည်သည့် အကြိုးခံစားခွင့်များကိုမဆို။
  • ကန်ထရီုက်တာများ သို့မဟုတ် ဝန်ဆောင်မူပေးသူများထံမှ သာမန်အားဖြင့်မရနိုင်သော မျက်နှာသာပေးမူများ သို့မဟုတ် ဈေးနှူန်းနှင့်ပက်သက်သော စိတ်ကြိုက်တောင်းဆိုမူများ။
  • Customer များ၊ ဝန်ဆောင်မူပေးသူများ သို့မဟုတ် အခြားသောသူများထံမှ Golf ရိုက်ရန်ဖြစ်စေ၊ အခြားသော အားကစားလူပ်ရှားမူများ ဖြစ်စေ ဖိတ်ကြားမူများ။
  • အခြားသောအဖွဲ့အစည်းများမှ စီစဉ်ပေးမူဖြင့် ညီလာခံများ သို့မဟုတ် အခန်းအနားများ တက်ရောက်ခြင်း။
  • ဘဏ်များ သို့မဟုတ် အခြားသော အဖွဲ့အစည်းများမှ တည်ခင်းသော ညစာစားပွဲများ၊ စားသောက်ပွဲများ၊ ပါတီပွဲများ သို့မဟုတ် ဖျော်ဖြေပွဲများ။
  • ဝန်ဆောင်မူပေးသူများ သို့မဟုတ် ဝန်ဆောင်မူပေးရန် အလားလာရှိသော သို့မဟုတ် ကုန်ပစ္စည်း တင်သွင်းသူများမှ ပံပိုးသော အစားအစာ၊ အဖျော်ယမကာများ၊ စားသောက်ပွဲများ သိုမဟုတ် အားကစားပွဲများသို့ အပါအဝင် ဖျေဖျော်မူများ။

(သတိပြုရမည့် ကွဲပြားချက်မှာ)။ ။ဘဏ်သောလည်ကောင်း အခြာသော အဖွဲအစည်းများမှသော် လည်ကောင်း တရားဝင်ဖြေဖျော်ကြွေးမွေးခြင်းများနှင့် လူတစ်ဦးတစ်ယောက်ထံမှသော လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုခုမှ သော်လည်းကောင်း သီးသန့် တည်ခင်းကြွေးမွေးခြင်းများရဲ့ ခြားနားချက်များကို အထူးသတိပြုရမည်။

ဃ။ လက်ဆောင်ပေးလာသောအခြေအနေတွင် ဘာလုပ်သင့်မည်နည်း

  • ဘဏ်မှဝန်ထမ်းများအားလုံးအနေဖြင့် လက်ဆောင်များကို လက်ခံမရနိုင်ကြောင်းနှင့် ငြင်းပယ်ကြောင်းကို သေချာလက်ခံသဘောပေါက်နားလည် သိရှိထားရန် လိုအပ်ပါသည်။ ပုံမှန်အလုပ်ချိန်အတွင်းဖြစ်စေ၊ အလုပ်ချိန်ပြင်ပဖြစ်စေ၊ ဘဏ်ပရဝုဏ်အတွင်နှင့် ပြည်ပတွင်ဖြစ်စေ လက်ဆောင်ပေးအပ်ခြင်း အားလုံးနှင့်သက်ဆိုင်ပါသည်။ ဝန်ထမ်းများသည် ထိုလက်ဆောင်များကို ယဉ်ကျေးစွာညင်းပယ်ရမည်ဖြစ်ပီး ဘဏ်ရဲ့ လက်ဆောင်ပစ္စည်း နှင့်ပက်သက်သော စည်းမျဉ်းထုတ်ပြန်ချက်ကို လက်ဆောင်ပေးသူအား အသိပေးပြောပြရမည်ဖြစ်သည်။ အကြံပြုထားသော စကားအသုံးအနူန်းများ စာကြွင်း (က) တွင်ပါရှိသည်။
  • လက်ဆောင်ကို စာတိုက်မှ ပို့ပေးခြင်းဖြစ်စေ၊ ထိုဝန်ထမ်းသည် ယဉ်ကျေးသိမ်မွေ့စွာ စာစီထားသော ကျေးဇူးတင်ကြောင်းဖော်ပြစာနှင့်တစ်ကွ ပြန်ပို့၇မည် ဖြစ်သည်။အကြံပြုထားသော စကားအသုံးအနူန်းများ စာကြွင်း (က) တွင်ပါရှိသည်။

င။ လက်ဆောင်ကိုငြင်းပယ်ရန် ခက်ခဲသောအခြေအနေများတွင် ဘာကို လုပ်ဆောင်ရမည်နည်း။

  • ထိုလက်ဆောင်ကို ငြင်းပယ်ရန်မဖြစ်နိုင်သော အခြေအနေမျိုးတွင် ထိုဝန်ထမ်းသည် လက်ဆောင်ကြေငြာလွာ ကို ဖြည်စွက်ပီး ထိုလက်ဆောင်ကို သက်ဆိုင်ရာထံအတိအလင်းကြေငြာရမည်။ ဖြည့်စွက်ထားသော ပုံစံနှင့်တစ်ကွထိုလက်ဆောင်ကို မိမိတိုက်ရီုက်အရာမှတစ်ဆင့် HR သို့တိုက်ရီုက်ပို့ပေးရမည်ဖြစ်သည်။
  • ရန်ကုန်နယ်မြေပြင်ပရှိ ဝန်ထမ်းများအတွက် ထိုပုံစံနှင့်လက်ဆောင်ကို HR သို့ပို့ဆောင်ပေးမည့် ဌာနခွဲမန်နေဂျာထံသို့ လွဲပြောင်းပေးရမည်ဖြစ်သည်။
  • HR ဌာနမှ ထိုလက်ဆောင်တန်ဖိုးငွေကို စစ်ဆေးပြီး ဆက်လက်ဆောင်ရွက်ရမည်ကို အကြံပြုမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ခြင်းကို လည်ကောင်းလက်ဆောင်ကို ရောင်းရငွေကို ပရဟိတ လုပ်ငန်းသို့ လှူလိုက်ခြင်းဖြစ်စေ၊ ထိုလက်ဆောင်ကို ပရဟိတလုပ်ငန်းသို့ ပေးပို့ခြင်း ဖြစ်စေ၊လည်ကောင်း လက်ဆောင်ကို စီမံခန့်ခွဲရန် ဆုံးဖြတ်ချက်ကို အကြံတန်းစီမံခံခွဲမူမှ လက်ဆောင်ပေးခြင်းတစ်ခုခြင်းစီ အလိုက် လုပ်ဆောင်မည်ဖြစ်သည်။
  • ထိုလက်ဆောင်သည် သစ်ပင် သို့မဟုတ် ပန်းများဖြစ်နေပါက ဧည့်ခန်းနေရာတွင် အလှပြထားရမည်ဖြစ်ပြီး သို့မဟုတ် ထိုလက်ဆောင်များ ရှိနေခြင်းကို ဝန်ထမ်းများ အားလုံးက မြင်သာထင်သာ ခံစားနိုင်မည့် ဗဟိုအချက်ကျသော နေရာတစ်ခုတွင် ထားရှိရမည်။
  • အားလက်ရက်များအတောအတွင်းသောလည်ကေားင်၊ ထုံးတမ်းအစဉ်အလာရလည်းကောင်း၊ အခြားသော အချိန်များတွင်လည်းကောင်း ရောက်ရှိလာသော လက်ဆောင်ပစ္စည်းများ (ဥပမာ = ပျက်စီးနိုင်သောအစားအသောက်လက်ဆောင်ပစ္စည်းများသည် ဝန်ထမ်းတစ်ဦးထဲကို လိပ်မူထားစေကာမူ ဝန်ထမ်းအားလုံးတို့နှင့်သက်ဆိုင်သည်။ မည်သည့်အကြောင်းကြောင့်မှ ထိုဝန်ထမ်းသည် ထိုအစားအစာ လက်ဆောင်ကို အိမ်သယ်ယူသွားခွင့်မရှိပဲ အလုပ်ချိန်အတွင်း လုပ်ငန်းခွင်အတွင်းတွင် ဝန်ထမ်းအားလုံးကို မျှဝေပေးရမည်။

စ။ ချွင်းချက်များ

  • လက်ဆောင်ပစ္စည်း နှင့်ပက်သက်ပြီး စည်းမျဉ်ထုတ်ပြန်မူများအတွက် တစ်ခုတည်သောချွင်းချက်မှ ပြက္ခဒိန်၊ ဒိုင်ယာရီ၊ Mug ခွက်များ၊ တီရှက်များ၊ဘောပင်များ ကဲ့သို့သော အသေးအဖွဲလက်ဆောင်ပစ္စည်း များ၊ ကုန်စည်ပြပွဲ ကြောငြာအိတ်များနှင့် ညီလာခံများ၊ သင်တန်းများ၊ ဆွေးနွေးပွဲများနှင့် ကုန်စည်ပြပွဲများသို့ တက်ရောက်သူတိုင် တစ်ပြေးတည်ရသည်. လက်ဆောင်ပစ္စည်း နှင့် အခြားသော ပစ္စည်းအမျိုးအမည်များကို လက်ခံခွင့် ရှိသည်။ လည်ကောင်းတို့တွင် အခန်းအနားများ၊ ညီလာခံများ၊ အခန်းအနားစီစဉ်သူတို့မှ အကုန်စရိတ်ကျခံသော သီတင်းစာရှင်းလင်းပွဲများနှင့် ပါတီများတွင် တည်ခင်းကြွေးမွေးသော အစားအစာ၊ အဖျော်ယမကာနှင့် လက်ဆောင်ပစ္စည်း များလည်း ပါဝင်သည်။

ဆ။ ဝန်ထမ်းတစ်ဦးမှ ထိုစည်းမျဉ်များကို ဖောက်ဖြတ်ပါက မည်သို့ အရေးယူမည်နည်း

  • လက်ဆောင်နှင့်ပက်သက်ပြီး စည်းမျဉ်းဖောက်ဖြတ်သော ဝန်ထမ်းသည် အလုပ်ခန့်ထားခြင်းကို ဖြတ်သိမ်းခြင်း သို့မဟုတ် အလုပ်တာဝန်မှ ရပ်ဆဲခြင်းတို့ အပါအဝင် ထိုထက်မကသော စည်းကမ်းထိန်းသိမ်းမူဆိုင်ရာ အရေးယူမူကို ခံရမည်ဖြစ်ပါသည်။

လက်ဆောင်ကြေငြာလွှာပုံစံ

Emဝန်ထမ်းအမည်: _______________
ဌာန/ရုံးခွဲ : _____________________
လက်ဆောင်လက်ခံရရှိသော နေ့စွဲ : _______________
ပေးသူအမည် : ________________
Company : _______________
ပေးသူနှင့် / ဤဘဏ်နှင့်ပက်သက်မူ : _________________
တိုက်ရိုက်တာဝန်ခံအထက်လူကြီး လက်မှတ်: ______________________
ရုံးခွဲတာဝန်ခံလက်မှတ်: ______________________
HR ဌာနမှ ရက်စွဲ: ______________________
လက်ဆောင်ခန့်မှန်းတန်ဖိုး: ______________________
ဆောင်ရွက်ရန်အကြံပြုထားသော နည်းလမ်း : ______________________
HR တာဝန်ရှီသူအမည် : ______________________
အတည်ပြုပေးသူ ( အမည်၊ လက်မှတ်၊ ရက်စွဲ ) : ______________________

စာကြွင်း (က)
လက်ဆောင်ကိုငြင်းပယ်ရာတွင် သုံးရန်အကြံပြုထားသောစကား သို့မဟုတ် စာဖြင့်တုန့်ပြန်မူ နှင့် ဖိုလက်ဆောင်အတွက်ကျေးဇူးတင်ပါသည်။ မိမိတို့သူ သင့် စေတနာထက်သန်မူ ကို အမှန်တကယ်ပင် အသိအမှတ်ပြုပါသည်။ ဘဏ်အတွက်လက်ဆောင်လက်မခံရေး စည်းမျဉ်းရှိကြောင်း သင့်ကိုအသိပေးရန်လိုအပ်ပါသည်။ ထို့ကြောင့် မိမိသည် ထိုလက်ဆောင်ရန် လက်ခံရန် မဖြစ်နိုင်ပါ။ သင်နားလည်လိမ့်မည်ဟု မျော်လင့်ပါသည်။ သင့် အလေးထားမူနှင့် စိတ်ရင်းစေတနာအတွက် ကျေးဇူးတင်ကြောင်း ထက်မံ ပြောကြားလိုပါသည်။