အတိုးနှုန်းထား ‌‌ပြောင်းလဲသတ်မှတ်ခြင်း

ဘဏ်ချေးငွေ အတိုးနှုန်းများကို လျော့ချရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ညွှန်ကြားချက် ၄/၂၀၂၀ ဖြင့် ၂၄ ရက် မတ်လ ၂၀၂၀ ခုနှစ်တွင် ညွန်ကြားခဲ့သည့်အတိုင်း ကမ္ဘောဇဘဏ် အနေဖြင့် ၁ရက် ဧပြီလ ၂၀၂၀ ခုနှစ်မှ စတင်ပြီး  အတိုးနှုန်းထားများ ပြောင်းလဲသတ်မှတ်လိုက်ပြီဖြစ်ပါသည်။ 

နိုင်ငံ့စီးပွားရေး ဆက်လက်ဖွံ့ဖြိုး တိုးတက်နိုင်ရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အတိုးနှုန်းထားများ လျှော့ချပေးခြင်းကို ကမ္ဘောဇဘဏ်မှ ကြိုဆို၍ အကောင်အထည်ဖေါ်ဆောင်ရွက်လျှက်ရှိပါသည်။

စာရင်းသေအပ်ငွေစာရင်း၊ ငွေစုဘဏ်အပ်ငွေစာရင်း၊ SME ချေးငွေ နှင့် အခြားချေငွေကောက်ခံမှုတို့၏ ပြောင်းလဲသတ်မှတ်လိုက်သောအတိုးနှုန်းအသစ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

Loan
အမျိုးအစား ယခင် ယခု
Mortgage အိမ်ရာချေးငွေ                                 တစ်နှစ်လျှင် ၁၁.၅%  တစ်နှစ်လျှင် ၁၀%
Normal Loans ချေးငွေ  တစ်နှစ်လျှင် ၁၁.၅% . တစ်နှစ်လျှင် ၁၀%
Quick Access Loans ချေးငွေ တစ်နှစ်လျှင် ၁၁.၅%  တစ်နှစ်လျှင် ၁၁.၅%
Shopper Installment Loans (အရစ်ကျဈေးဝယ်ချေးငွေ) တစ်နှစ်လျှင် ၁၄.၅%  တစ်နှစ်လျှင် ၁၄.၅%
SME ချေးငွေ 
Secured
အမျိုးအစား ယခင် ယခု
SME Overdraft (စာရင်းပိုထုတ်ချေးငွေ)  တစ်နှစ်လျှင် ၁၁.၅% တစ်နှစ်လျှင် ၁၀% 
SME Term Loans (ကာလကန့်သတ်ချက်ချေးငွေ) တစ်နှစ်လျှင် ၁၁.၅% တစ်နှစ်လျှင် ၁၀% 
Unsecured
SME Overdraft Accounts (စာရင်းပိုထုတ်ချေးငွေ) တစ်နှစ်လျှင် ၁၄.၅%တစ်နှစ်လျှင် ၁၀% မှ ၁၄.၅% အတွင်း
SME Term Loans (ကာလကန့်သတ်ချက်ချေးငွေ) တစ်နှစ်လျှင် ၁၄.၅%တစ်နှစ်လျှင် ၁၀% မှ ၁၄.၅% အတွင်း
JICA Two Step Loans
Secured
အမျိုးအစား ယခင် ယခု
JICA Two-Step Loan တစ်နှစ်လျှင် ၇%  တစ်နှစ်လျှင် ၅.၅%
Unsecured
အမျိုးအစား ယခင် ယခု
JICA Two Step Loan တစ်နှစ်လျှင် ၁၁.၅%တစ်နှစ်လျှင် ၅.၅% မှ ၁၀.၅% အတွင်း
စာရင်းသေအပ်ငွေစာရင်း 
တစ်ဦးတစ်ယောက်ခြင်း အကောင့်
ရက် (၃၀) စာရင်းသေအပ်ငွေစာရင်း  တစ်နှစ်လျှင် ၆.၅% 
ရက် (၉၀) စာရင်းသေအပ်ငွေစာရင်း  တစ်နှစ်လျှင် ၆.၅%
ရက် (၁၈၀) စာရင်းသေအပ်ငွေစာရင်း  တစ်နှစ်လျှင် ၆.၆%
ရက် (၂၇၀) စာရင်းသေအပ်ငွေစာရင်း တစ်နှစ်လျှင် ၆.၇၅%
ရက် (၃၆၀) စာရင်းသေအပ်ငွေစာရင်း တစ်နှစ်လျှင် ၇.၂၅%
ရက် (၇၂၀) စာရင်းသေအပ်ငွေစာရင်း တစ်နှစ်လျှင် ၈%
ရက် (၁၀၈၀) စာရင်းသေအပ်ငွေစာရင်း တစ်နှစ်လျှင် ၈.၅%

ကုမ္ပဏီ နှင့် အဖွဲ့အစည်းအကောင့်
ကုမ္ပဏီ နှင့် အဖွဲ့အစည်းအကောင့် ဆက်ဆံရေးမန်နေဂျာဆီသို့ ဆက်သွယ်မေးမြန်းပါရန်
ငွေစုဘဏ်အပ်ငွေစာရင်း 
ငွေစုဘဏ်အပ်ငွေစာရင်း တစ်နှစ်လျှင် ၅%

အသေးစိတ်သိရှိလိုပါက လူကြီးမင်း၏ ဆက်ဆံရေးမန်နေဂျာ (သို့မဟုတ်)  customer service ကိုယ်စားလှယ် သို့ဆက်သွယ် မေးမြန်းနိုင်ပါတယ်။  

မိမိ၏ ဘဏ်အကောင့်များကို စစ်ဆေးကြည့်ရှုလိုလျှင်ဖြစ်စေ (သို့မဟုတ်) အတိုးနှုန်းထားအသစ်နှင့် သက်ဆိုင်သော အသေးစိတ်အချက်အလက်များကို သိရှိလိုလျှင်ဖြစ်စေ Customer Service Hotline ဖုန်းနံပါတ် (+959) 951018555 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ 

ကမ္ဘောဇဘဏ်သို့ စုံစမ်းမေးမြန်းမှုများနှင့် ဝန်ဆောင်မှုများ ရယူနိုင်ရန်အတွက် အစဉ်အမြဲ ကြိုဆိုလျက်ရှိပါသည်။