ကမ္ဘောဇဘဏ် − ဝန်ထမ်းကျင့်ဝတ်
က။ စကားဦး
၁။ ကျွန်ုပ်တို့ လုပ်ကိုင်ဆောင်ရွက်သမျှ ကိစ္စရပ်တိုင်းသည် ကျွန်ုပ်တို့၏ စားသုံးသူများ၊ လူမှုအသိုက်အ ဝန်းများနှင့် ကမ္ဘောဇဘဏ်၏ ရေရှည်အကျိုးစီးပွားအတွက် အကောင်းဆုံး လုပ်ကိုင်ဆောင်ရွက်နေ သည်ကို သေချာစွာသိရှိနားလည်ကြရပါမည်။ ကမ္ဘောဇဘဏ်ဝန်ထမ်း ကျင့်ဝတ်(ကျင့်ဝတ်) သည် ကမ္ဘောဇဘဏ်အတွက် အလုပ်လုပ်ကိုင်နေသူတိုင်း၏ အမူအကျင့်နှင့်ပတ်သက်၍ လိုက်နာ ကျင့်သုံးရမည့် မူဝါဒနှင့် စံနှုန်းများကို လမ်းညွှန်ချမှတ်ထားခြင်း ဖြစ်ပါသည်။ အဆိုပါကျင့်ဝတ်များသည်ကျွန်ုပ်တို့အတွက်သတ်မှတ်ထားပြီး၊ ဤကျင့်ဝတ်များသည် ကျွန်ုပ်တို့၏ စားသုံးသူများ၊ စီးပွားဖက်များ၊ စွမ်းဆောင်ရှင်များနှင့် အခြားသူများအား ပြောဆိုပြုမူလုပ်ကိုင်ရာ တွင်လိုက်နာကျင့်သုံးရမည့်စံသတ်မှတ်ချက်များဖြစ်ပါသည်။ ဤဝန်ထမ်းကျင့်ဝတ်သည်အဖွဲ့အစည်း၏ အောက်ဖော်ပြပါ ပင်မတန်ဖိုးများအား အထောက်အပံ့ ပေးနေသည်။၁။ ကျွန်ုပ်တို့ လုပ်ကိုင်ဆောင်ရွက်သမျှ ကိစ္စရပ်တိုင်းသည် ကျွန်ုပ်တို့၏ စားသုံးသူများ၊ လူမှုအသိုက်အ ဝန်းများနှင့် ကမ္ဘောဇဘဏ်၏ ရေရှည်အကျိုးစီးပွားအတွက် အကောင်းဆုံး လုပ်ကိုင်ဆောင်ရွက်နေ သည်ကို သေချာစွာသိရှိနားလည်ကြရပါမည်။ ကမ္ဘောဇဘဏ်ဝန်ထမ်း ကျင့်ဝတ်(ကျင့်ဝတ်) သည် ကမ္ဘောဇဘဏ်အတွက် အလုပ်လုပ်ကိုင်နေသူတိုင်း၏ အမူအကျင့်နှင့်ပတ်သက်၍ လိုက်နာ ကျင့်သုံးရမည့် မူဝါဒနှင့် စံနှုန်းများကို လမ်းညွှန်ချမှတ်ထားခြင်း ဖြစ်ပါသည်။ အဆိုပါကျင့်ဝတ်များသည်ကျွန်ုပ်တို့အတွက်သတ်မှတ်ထားပြီး၊ ဤကျင့်ဝတ်များသည် ကျွန်ုပ်တို့၏ စားသုံးသူများ၊ စီးပွားဖက်များ၊ စွမ်းဆောင်ရှင်များနှင့် အခြားသူများအား ပြောဆိုပြုမူလုပ်ကိုင်ရာ တွင်လိုက်နာကျင့်သုံးရမည့်စံသတ်မှတ်ချက်များဖြစ်ပါသည်။ ဤဝန်ထမ်းကျင့်ဝတ်သည်အဖွဲ့အစည်း၏ အောက်ဖော်ပြပါ ပင်မတန်ဖိုးများအား အထောက်အပံ့ ပေးနေသည်။
  • အဖွဲ့လိုက်ညီညွတ်မှုနှင့်ပူးပေါင်းဆောင်ရွက်မှု
  • ရိုးသားဖြောင့်မတ်မှု
  • စိတ်အားထက်သန်မှု
  • အပြန်အလှန်ယုံကြည်လေးစားမှု
  • သမာသမတ်နှင့်ကိုယ်ကျင့်သိက္ခာရှိမှု
  • ခေါင်းဆောင်မှု
  • တာဝန်သိတတ်မှု
၂။ ဝန်ထမ်းကျင့်ဝတ်သည် ကမ္ဘောဇဘဏ်နှင့် ၎င်း၏ကိုယ်စားလှယ်ရုံးခွဲများတွင် အချိန်ပိုင်းဖြစ်စေ၊အချိန်ပြည့်ဖြစ်စေ၊ စာချုပ်ဖြင့်ဖြစ်အ လုပ်လုပ်ကိုင်လျှက်ရှိသည့် ဝန်ထမ်းများအားလုံးနှင့် သက်ဆိုင်သည်။
၃။ မိမိတို့တစ်ဦးချင်းစီအနေဖြင့် ဤကျင့်ဝတ်အား နေ့စဉ်အလုပ်လုပ်ကိုင်ရာ၌ ထည့်သွင်းကျင့်သုံး ခြင်းအားဖြင့်ကောင်းမွန်သည့်ရွေးချယ်မှုများ ပြုလုပ်နိုင်ခြင်း၊ တာဝန်ယူမှုအပြည့်ဖြင့်ပြုမူလုပ်ကိုင်နို င်ခြင်း၊ မိမိတို့လုပ်ကိုင်ဆောင်ရွက်သမျှကို သမာသမတ်နှင့် ကိုယ်ကျင့်သိက္ခာမြင့်မားစွာဖြင့်ပြု လုပ်ဆောင်ရွက်နိုင်ခြင်းအကျိုးများကို ရရှိစေမည်ဖြစ်ပါသည်။ သမာသမတ်နှင့်ကိုယ်ကျင့်သိက္ခာ ရှိခြင်းသည် မိမိတို့၏စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်မှု၏အခြေခံအုတ်မြစ်ဖြစ်ပြီး ကျွန်ုပ်တို့၏ လုပ်ကိုင်ဆောင်ရွက်မှု၊ ဆုံးဖြတ်ချက်ချမှတ်မှုအားလုံးတို့၏ အစလည်းဖြစ်သည်။ မိမိတို့၏ ပြည့်စုံကောင်းမွန်စွာ လုပ်ဆောင်နိုင်သည့် ဂုဏ်သတင်းသည်အများနှင့်ယှဉ်ပြိုင်ရာတွင်အ ဓိကအားသာချက်တစ်ရပ်ဖြစ်ပြီး ကျွန်ုပ်တို့အနေဖြင့် အဆိုပါဂုဏ်သတင်းအား ထိခိုက်ကျဆင်း စေမည့်အပြုအမူ၊ အပြောအဆိုနှင့်လုပ်ကိုင်မှုမျိုးကိုမဆို မည်သည့်အခါတွင်မှမပြုလုပ်သင့်ပါ။
ခ။ နိဒါန်း
၄။ ကမ္ဘောဇဘဏ်အနေဖြင့် ဝန်ထမ်းများအားလုံးကို ဘဏ်နှင့်သက်ဆိုင်သည့် ကိစ္စအဝဝ၌ လုံးဝဘက်လိုက်မှုမရှိပဲ ရိုးသားဖြောင့်မတ်မှန်ကန်ရန်ယုံကြည်မျှော်လင့်ထားပါသည်။ ဝန်ထမ်းများ အားလုံးသည် ဘဏ်၏ကိုယ်စားလှယ်များကဲ့သို့ အဖွဲ့အစည်း၏ အတွင်းအပြင်နှစ်ခုလုံးတွင်ကျ င့်သုံးရမည်ကို ယေဘုယျကျင့်ဝတ်အဖြစ်မှတ်ယူရမည်။
၅။ ဝန်ထမ်းတစ်ဦးသည် ဖော်ပြပါအရည်အချင်းများရှိနေမည်ဟု ကမ္ဘောဇဘဏ်အနေဖြင့်ယုံ ကြည်မျှော်လင့်ပါသည်။
  • အလုပ်လုပ်ကိုင်ရန်ဆန္ဒရှိပြီးအမြဲအသင့်ဖြစ်နေခြင်း၊
  • ၎င်းတို့၏ဝန်ဆောင်မှုကို ပုဂ္ဂိုလ်ရေးအရကမ်းလှမ်းခြင်း၊ ၎င်းတို့အားခန့်အပ်တာဝန်ပေးထား သည့်အလုပ်ကိုထပ်ဆင့်လက်လွှဲခြင်းမပြုလုပ်ခြင်း။
  • ထိုသို့ဝန်ဆောင်မှုပေးရာတွင် အလုပ်၌စွမ်းဆောင်ရည်ရှိရန်နှင့် ဘဏ်၏အသုံးအဆောင်ပစ္စည်းများအား ဂရုတစိုက်ကိုင်တွယ်ရန်အပါအဝင် ကျိုးကြောင်းဆီလျော်စွာ ဂရုပြုစောင့်ရှောက်ရန်။
  • ဘဏ်၏လုပ်ငန်းများအား ရည်ရွယ်ချက်ရှိရှိနှောင့်ယှက်ဖျက်ဆီးခြင်းမပြုရန်။
  • အခြေအနေ၊ အချိန်အခါ၊ နေရာဒေသနှင့် ဝန်ဆောင်မှုအမျိုးအစားအလိုက် ကျိုးကြောင်း ဆီလျော်သည့်ထုတ်ပြန်ချက်များကိုလေးစားလိုက်နာဆောင်ရွက်ရန်။
  • အခြားအလုပ်တွဲဖက်လုပ်ကိုင်ခြင်းအား အကြီးတန်းအုပ်ချုပ်ရေးမှ ခွင့်ပြုချက်မရပဲလုပ်ကိုင်ခြင်း မပြုလုပ်ရန်နှင့်ဘဏ်အတွက်သာ အလုပ်လုပ်ကိုင်ရန်။
  • ဘဏ်၏စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်သည့်သတင်းအချက်များကို သိရှိပါက သို့မဟုတ်ကြား သိပါက ထပ်ဆင့်ဖြန့်ဝေပေးရန်။
  • ဘဏ်နှင့်ချိတ်ဆက်ဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းမှ ဖြစ်ပေါ်လာသော မည်သည့်တီထွင်မှုမျိုးမဆိုဘဏ်မှအပြည့်အဝထိန်းသိမ်းထားနိုင်သည်။
  • ဘဏ်၏သတင်းအချက်အလက်နှင့် ကုန်သွယ်မှုဆိုင်ရာ လျှို့ဝှက်ချက်များကို အလေးထား လိုက်နာရန်။
  • အလုပ်ခန့်ထားခြင်းအတွက် လိုအပ်သည့်ယုံကြည်စိတ်ချမှုကို ပျက်စီးစေနိုင်မည့် မည်သည့်အရာကိုမျှ မပြုလုပ်ရန်နှင့်ကောင်းစွာယုံကြည်စိတ်ချရန်။
  • အလုပ်ခန့်ထားစဉ်ကာလအတွင်း ရရှိခဲ့သည့် ငွေကြေး သို့မဟုတ်လက်ဆောင်ပဏ္ဍာစသည့်ခံစားခွင့်အားလုံးကိုတာဝန်ခံရန်။
  • အခြားလုပ်ဖော်ကိုင်ဖက်များကိုလေးစားသမှုရှိရန်နှင့်ကောင်းမွန်စွာပြုမူဆက်ဆံရန်။
  • ဖောက်သည်များ၊ အခြားသူများပါဝင်သည့်အခမ်းအနားများအပါအဝင်အခမ်းအနားအားလုံး၌ကောင်းမွန်၍ ယဉ်ကျေးသိမ်မွေ့စွာ ပြုမူဆက်ဆံပြောဆိုရန်။
  • မိမိ၏အထက်အရာရှိ သို့မဟုတ် ဝန်ထမ်းရေးရာအကြီးအကဲအား မည်သည့်ကိုယ်ကျိုးစီးပွား ပဋိပက္ခကိုမဆိုထုတ်ဖော်ပြောကြားရန်။
  • ဘဏ်၏စည်းမျဉ်းစည်းကမ်းများ၊ မူဝါဒများကို လေးစားလိုက်နာရန်။
  • အလုပ်သမားကြောင့်ဘဏ်မှပျက်စီးဆုံးရှုံးမှုများ မရှိအောင်ဂရုပြုလုပ်ဆောင်ရန်။
ဂ။ ဘဏ်မှလိုအပ်သည့်ကျင့်ဝတ်ဆိုင်ရာစံနှုန်းများ
၆။ လက်ဆောင်ပဏ္ဍာများနှင့်ဧည့်ဝတ်ပြုမှု
၆.၁။ အပိုဒ်(၅)ပါတာဝန်ဝတ္တရားများအပြင် ဝန်ထမ်းအားလုံးသည် ၎င်းတို့အားကမ်းလှမ်းသည့်လ က်ဆောင်ပဏ္ဍာ၊ ဧည့်ဝတ်ပြုမှုများနှင့်ပတ်သက်၍ ကမ္ဘောဇဘဏ်၏ ‘လက်ဆောင်လုံးဝ လက်မခံရေးမူဝါဒ’ အရ ငြင်းပယ်ရန် လိုအပ်ပါသည်။ ဤမူဝါဒသည် အလုပ်ချိန်အတွင်းနှင့်
အလုပ်ချိန်ပြင်ပတွင် ကမ်းလှမ်းသည့် လက်ဆောင်ပဏ္ဍာနှင့် ဧည့်ဝတ်ပြုမှုများအားလုံးအပေါ်အ ကျုံးဝင်ပါသည်။ အကယ်၍လက်ဆောင်အား ဝန်ထမ်းမှ ငြင်းပယ်နိုင်ခြင်းမရှိပါက အဆိုပါ လက်ဆောင်ပစ္စည်းရရှိမှုအား ဝန်ထမ်းရေးရာအကြီးအကဲသို့သင့်လျော်သည့်နည်းလမ်းအသုံးပြု၍
အကြောင်းကြားရပါမည်။ အကယ်၍ ဤကိုယ်ကျင့်သိက္ခာအား ဖောက်ဖျက်ခဲ့သော် စည်းကမ်း ရေးရာအရ အရေးယူခြင်းခံရနိုင်သည်။ ဝန်ထမ်းအားလုံးသည် ဘဏ်သို့အလုပ်စတင်ဝင်ရောက်သ ည့်အချိန်တွင် အကျင့်စာရိတ္တဆိုင်ရာ မူဝါဒနှင့် ကြေငြာပုံစံ (နောက်ဆက်တွဲ− ကတွင်ရှု) ကို
လက်မှတ်ရေးထိုးရန်လိုအပ်ပါသည်။
၇။ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းလုပ်ကိုင်ခြင်း
၇.၁။
စားသုံးသူများ၊ ကန်ထရိုက်တာများ၊ အခြားကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုပံ့ပိုးသူများနှင့် တရားဝင်ဆက်သွယ်လုပ်ကိုင်နေရသည့် ဝန်ထမ်းများအနေဖြင့် ၎င်းတို့နှင့် ဘဏ်၏ပုံမှန်စီးပွားရေးလမ်းကြောင်းများမှလွဲ၍ အခြားမည်ကဲ့သို့သော ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းအား ရှောင်ကြဉ်ရပါမည်။ ယေဘုယျအားဖြင့်မရရှိနိုင်သည့်အခွင့်အရေး သို့မဟုတ်မည်သည့်ဦးစားပေးမှုကိုမျှ ရှာဖွေခြင်း သို့မဟုတ်လက်ခံခြင်းများမပြုလုပ်ရ။
၈။ ဆွေးနွေးပွဲများ၊ပြပွဲအခမ်းအနားစသည်သို့တက်ရောက်ခြင်း
၈.၁။
ကမ္ဘောဇဘဏ်အနေဖြင့်ဝန်ထမ်းများအား လိုအပ်ပါက ဆွေးနွေးပွဲများ၊ ပြပွဲများနှင့်ထိုကဲ့သို့သော ပွဲများကို တက်ရောက်စေမည်ဖြစ်ပြီး ခရီးစရိတ်နှင့် သက်ဆိုင်ရာကုန်ကျစရိတ်များကို မိမိဖာသာ ကျခံရမည်ဖြစ်သည်။ ဤစည်းကမ်းချက်၏ ချွင်းချက်များအား အကြီးတန်းစီမံခန့်ခွှဲရေး အထက်အ ရာရှိ၏ ခွင့်ပြုချက်ဖြင့်သာလျှင်လုပ်ဆောင်ရမည်။
၉။ နေ့လည်စာ၊ညစာ၊တွေ့ဆုံပွဲ၊ဧည့်ခံပွဲစသည်တို့ကိုတက်ရောက်ခြင်း
၉.၁။
ဘဏ်၏လုပ်ငန်းများကိုဆောင်ရွက်ရာတွင် နေ့လည်စာ၊ ညစာ၊ တွေ့ဆုံပွဲ၊ ဧည့်ခံပွဲစသည်တို့ကိုတက်ရောက်ရန် ဖိတ်ကြားမှုများရှိမည်မှာ သိသာထင်ရှားလှပြီး ထိုသို့သော ဖိတ်ကြားမှုများအားအောက်ဖော်ပြပါ စည်းမျဉ်းများနှင့်အညီလက်ခံနိုင်ပါသည်။
  • ဋ္ဌာနမန်နေဂျာ၏ အတည်ပြုချက်ကို ဦးစွာရယူခြင်းမရှိပဲ မည်သည့်ဝန်ထမ်းမျှ ဖိတ်ကြားမှုအားလက်ခံခြင်းမပြုရ။
  • ကနဦးအတည်ပြုချက် တောင်းခံနိုင်ခြင်းမရှိသည့် ချွင်းချက်အခြေအနေများတွင် အချက်အလက်များကို ဋ္ဌာနမန်နေဂျာသို့နောက်ပိုင်းတွင်ချက်ချင်းအကြောင်းကြားရမည်။
  • ပုဂ္ဂလိကတစ်ဦးချင်း ဖိတ်ကြားပါက အဆိုပါဖိတ်ကြားမှုအား ဋ္ဌာနမန်နေဂျာ၏ သဘောတူ အတည်ပြုမှု၊ ဖိတ်ကြားသူ၏ သဘောတူလက်ခံမှုမှလွဲ၍ အခြားဝန်ထမ်းတစ်ဦးသို့ လွှဲပြောင်းခြင်း မပြုရပါ။
  • ပုံမှန်အလုပ်ချိန်ပြင်ပတွင် တက်ရောက်ရန် ဖိတ်ကြားမှုများအား ဋ္ဌာနမန်နေဂျာ၏ လုပ်ပိုင်ခွ င့်ဖြင့်သာ လက်ခံရမည်။
  • ယေဘုယျစည်းကမ်းတစ်ရပ်အဖြစ် မည်သည့်ဧည့်ခံပွဲကိုမဆို လက်ခံရန် သံသယရှိသည့်မ ည်သည့်ဝန်ထမ်းမဆို ဖိတ်ကြားမှုအား ငြင်းပယ်ရမည်ဖြစ်သည်။ ထို့နောက်တွင် ဝန်ထမ်း အနေဖြင့် မိမိ၏အထက်အရာရှိအား မိမိမမြင်နိုင်သည့် အခြေအနေများနှင့် ကိုယ်ကျိုးစီးပွား ပဋိပက္ခဖြစ်နိုင်မည့်အလားအလာများကို လျော့ပါးသက်သာစေရန်အတွက်တင်ပြရပါမည်။
  • ဥပမာအားဖြင့် ဘဏ်မှကြီးမှူးကျင်းပသည့် ပွဲတစ်ခုကို တက်ရောက်ခြင်း၊ ဘဏ်နှင့်ဆက်နွယ်ပ တ်သက်နေသည့် ကုမ္ပဏီများထဲမှတစ်ခုမှ ကျင်းပသည့်ပွဲတစ်ခုကို တက်ရောက်ခြင်းနှင့်ပုဂ္ဂလိကတစ်ဦးချင်း သို့မဟုတ် အဖွဲ့အစည်းတစ်ခုမှ ဖိတ်ကြားဧည့်ခံမှုတို့အကြား အဓိက ခြားနားမှုအား သိရှိနားလည်ရပါမည်။
၁၀။ လာဘ်ပေးလာဘ်ယူမှုနှင့်အကျင့်ပျက်ချစားခြင်း
၁၀.၁။ ဘဏ်တွင်တင်းကျပ်သည့် လာဘ်ပေးလာဘ်ယူမှုနှင့် အကျင့်ပျက်ချစားမှု တိုက်ဖျက်ရေးမူဝါဒရှိပါသည်။ တစ်စုံတစ်ယောက်အား ဘဏ္ဍာရေး သို့မဟုတ် အခြားသောအကျိုးစီးပွားများပေး၍အဆိုပါပုဂ္ဂိုလ်အား ၎င်း၏လုပ်ငန်းများအား မမှန်မကန်ပြုလုပ်စေခြင်း သို့မဟုတ်ထိုသို့ပြုလုပ်ခြင်းအပေါ် ဆုလာဘ်ပေးခြင်းကိုလာဘ်ပေးလာဘ်ယူပြုလုပ်ခြင်းဟုသတ်မှတ်ပါသည်။
၁၀.၂။ အကယ်၍ ဝန်ထမ်းတစ်ဦးမှ အခြားသူတစ်ဦးအား စီးပွားရေး လုပ်ငန်းအတွက်ဖြစ်စေ၊ ဘဏ်၏ အကျိုးစီးပွားအတွက်ဖြစ်စေ၊ ရရှိရန် သို့မဟုတ် ထိန်းသိမ်းရန်အတွက် လာဘ်ပေးလာဘ်ယူခြင်း (လာဘ်ပေးရန်ကြိုးပမ်းခြင်း) ပြုလုပ်ပါက ဤသို့သော အပြုအမူအား အလွန်ဆိုးရွားသည့်စ ည်းကမ်းချိုးဖောက်မှု တစ်ရပ်အဖြစ် သတ်မှတ်ပါမည်။ ထိုနည်းတူပင် လာဘ်ပေးလာဘ်ယူမှု တစ်ရပ်အား ကိုယ်တိုင်လက်ခံလျှင်ဖြစ်စေ၊ အခြားသူတစ်ဦးအား လက်ခံရန်ခွင့်ပြုလျှင်ဖြစ်စေ အလွန်ဆိုးရွားသည့် စည်းကမ်းချိုးဖောက်မှုအဖြစ် သတ်မှတ်ပါမည်။ ဤကဲ့သို့သော အခြေအနေ တွင်ဝန်ထမ်းအနေဖြင့် ဘဏ်၏စည်းကမ်းပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းအရ တရားဝင်စုံစမ်းစစ်ဆေး ခြင်းခံရမည်ဖြစ်ပြီး အလုပ်ထုတ်ပယ်ခြင်းအပါအဝင်ည်း ကမ်းပိုင်းဆိုင်ရာ အရေးယူမှုကို ခံရနိုင်ပါသည်။
၁၁။ ကိုယ်ကျိုးစီးပွားပဋိပက္ခ
၁၁.၁။ အလုပ်လုပ်ကိုင်မှုမပြုမီသို့မဟုတ်လုပ်ကိုင်နေစဉ်အတွင်း ဝန်ထမ်းတစ်ဦးသည်ကိုယ်ကျိုးစီးပွား ပဋိပက္ခတစ်စုံတစ်ရာဖြစ်ပွားပါက ဝန်ထမ်းရေးရာ အကြီးအကဲထံသို့ အပြည့်အစုံတင်ပြရမည်။ ကိုယ်ကျိုးစီးပွား ပဋိပက္ခဖြစ်နိုင်သည့်အခြေအနေများမှာ-
  • ကုမ္ပဏီ၊ အဖွဲ့အစည်း သို့မဟုတ် အကြံပေးအဖွဲ့များတွင် ဒါရိုက်တာ၊ ပိုင်ရှင်၊ တစ်စိတ်တစ်ပိုင်းပိုင် သို့မဟုတ် ရုပ်ဝတ္တုထည့်ဝင်ထား၍ ဘဏ်နှင့်စီးပွားရေး လုပ်ကိုင်လို ခြင်း သို့မဟုတ်ဘဏ်နှင့်တူညီသည့်စီးပွားရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိခြင်း။
  • ရောင်းချသူများနှင့်သဘောတူစာချုပ်ချုပ်ဆိုခြင်း။
  • ဆွေမျိုးနီးစပ်သူအား အလုပ်ခန့်အပ်ထားခြင်း။
  • ဇနီး/ခင်ပွန်း၊ သမီးရည်းစားနှင့် ဆွေမျိုးနီးစပ်ဝန်ထမ်းများရှိပါကလည်း အထက်ပါအတိုင်း လုပ်ဆောင်ရမည်ဖြစ်ပါသည်။
၁၁.၂။ ဝန်ထမ်းများအားလုံးသည် ဘဏ်သို့ စတင်ဝင်ရောက်လုပ်ကိုင်သည့် အချိန်တွင် ကိုယ်ကျိုးစီးပွား ပဋိပက္ခဆိုင်ရာ မူဝါဒနှင့်ကြေငြာပုံစံကို လက်မှတ်ရေးထိုးရမည်ဖြစ်ပါသည်။ (နောက်ဆက်တွဲ – ခ တွင်ရှု။)
၁၂။ ဝန်ထမ်းကဒ်
၁၂.၁။ ဝန်ထမ်းအားလုံးကို ဝန်ထမ်းကဒ်များ ထုတ်ပေးမည်ဖြစ်ပြီး တရားဝင် တာဝန်ထမ်းဆောင်ချိန်နှင့် ဘဏ်၏ပရဝဏ်အတွင်း၌ ထင်သာမြင်သာရှိအောင်ချိတ်ဆွဲဝတ်ဆင်ပြသရမည်ဖြစ်ပါသည်။
၁၃။ လျှို့ဝှက်ထားရှိခြင်း
၁၃.၁။ အလုပ်လုပ်ကိုင်စဉ် အတွင်းဝန်ထမ်းတစ်ဦးသည် အခြားဝန်ထမ်း၊ စားသုံးသူ၏ သတင်းအချက်အ လက်သို့မဟုတ်ဘဏ်၏ သတင်းအချက်အလက်များကိုရရှိခြင်း၊ ကိုင်တွယ်ဆောင်ရွက်ရခြင်း သို့မဟုတ် သိရှိခြင်းတို့ ရှိနိုင်ပါသည်။ ဝန်ထမ်းများအနေဖြင့် ထိုကဲ့သို့သော အချက်အလက်များ အား အထူးကန့်သတ် လျှို့ဝှက်ထားရှိရမည်ဖြစ်ပြီး ၎င်းတာဝန်ထမ်းဆောင်ရသည် အလုပ်တာ ဝန်ထက် ပိုမို၍ထုတ်ဖော်ပြောကြားခြင်း မပြုရန်မျှော်လင့်ပါသည်။ ထိုကဲ့သို့သော ယုံကြည်စိ တ်ချရမှုကို ချိုးဖောက်ခြင်းအတွက်စည်းကမ်းပိုင်းဆိုင်ရာ အရေးယူနိုင်ပါသည်။
၁၃.၂။ ဝန်ထမ်းအနေဖြင့် ၎င်းတာဝန်ထမ်းဆောင်ချိန်အတွင်း သို့မဟုတ် တာဝန်ထမ်းဆောင်ပြီးနောက်အ ချက်အလက်များအားရယူခြင်း၊ ကူးယူခြင်း၊ ကောက်နုတ်ခြင်း သို့မဟုတ်ဘာသာပြန်ဆိုခြင်းများ ပြုလုပ်၍ ၎င်းတို့အား တရားမဝင်အသုံးပြုခြင်း သို့မဟုတ် အခြားသူများကို အသုံးပြုစေခြင်းများ လုံးဝမပြုလုပ်ရ။
၁၃.၃။ အကယ်၍ ဝန်ထမ်းတစ်ဦးသည် စာရွက်စာတမ်းဖြင့်ဖြစ်စေ၊ အီလက်ထရောနစ်ပုံစံဖြင့်ဖြစ်စေ အချက်အလက်များအား မှားယွင်းပေးပို့သည်ကိုရရှိလာပါက ဝန်ထမ်းအနေဖြင့် ပေးပို့သူကို မှားယွင်းကြောင်း ချက်ချင်းအသိပေး၍ စာရွက်စာတမ်းများအား ပြန်လည်ပေးပို့ခြင်း သို့မဟုတ်
၁၃.၁။ အလုပ်လုပ်ကိုင်စဉ် အတွင်းဝန်ထမ်းတစ်ဦးသည် အခြားဝန်ထမ်း၊ စားသုံးသူ၏ သတင်းအချက်အ လက်သို့မဟုတ်ဘဏ်၏ သတင်းအချက်အလက်များကိုရရှိခြင်း၊ ကိုင်တွယ်ဆောင်ရွက်ရခြင်း သို့မဟုတ် သိရှိခြင်းတို့ ရှိနိုင်ပါသည်။ ဝန်ထမ်းများအနေဖြင့် ထိုကဲ့သို့သော အချက်အလက်များ အား အထူးကန့်သတ် လျှို့ဝှက်ထားရှိရမည်ဖြစ်ပြီး ၎င်းတာဝန်ထမ်းဆောင်ရသည် အလုပ်တာ ဝန်ထက် ပိုမို၍ထုတ်ဖော်ပြောကြားခြင်း မပြုရန်မျှော်လင့်ပါသည်။ ထိုကဲ့သို့သော ယုံကြည်စိ တ်ချရမှုကို ချိုးဖောက်ခြင်းအတွက်စည်းကမ်းပိုင်းဆိုင်ရာ အရေးယူနိုင်ပါသည်။
၁၃.၂။ ဝန်ထမ်းအနေဖြင့် ၎င်းတာဝန်ထမ်းဆောင်ချိန်အတွင်း သို့မဟုတ် တာဝန်ထမ်းဆောင်ပြီးနောက်အ ချက်အလက်များအားရယူခြင်း၊ ကူးယူခြင်း၊ ကောက်နုတ်ခြင်း သို့မဟုတ်ဘာသာပြန်ဆိုခြင်းများ ပြုလုပ်၍ ၎င်းတို့အား တရားမဝင်အသုံးပြုခြင်း သို့မဟုတ် အခြားသူများကို အသုံးပြုစေခြင်းများ လုံးဝမပြုလုပ်ရ။
၁၃.၃။ အကယ်၍ ဝန်ထမ်းတစ်ဦးသည် စာရွက်စာတမ်းဖြင့်ဖြစ်စေ၊ အီလက်ထရောနစ်ပုံစံဖြင့်ဖြစ်စေ အချက်အလက်များအား မှားယွင်းပေးပို့သည်ကိုရရှိလာပါက ဝန်ထမ်းအနေဖြင့် ပေးပို့သူကို မှားယွင်းကြောင်း ချက်ချင်းအသိပေး၍ စာရွက်စာတမ်းများအား ပြန်လည်ပေးပို့ခြင်း သို့မဟုတ်
အချက်အလက်များအား ချက်ချင်းဖျက်ဆီးခြင်းတို့ကိုသင့်လျော်သလိုဆောင်ရွက်ရမည်။
၁၃.၄။ မည်သည့် သတင်းအချက်အလက်ကိုမျှ ဘဏ်အတွင်း၊ အပြင် အခွင့်မရှိသူကိုဖြစ်စေ၊ ပြင်ပစွမ်းဆောင်ရှင်များ၊ အေဂျင်စီများ၊ အဖွဲ့အစည်းများကိုဖြစ်စေ ထုတ်ပြန်ပြောကြားခြင်းမပြုရ။ ဒါရိုက်တာဘုတ်အဖွဲ့ သို့မဟုတ် CEO မှ ဘဏ်၏သတင်းအချက်အလက်များကို ထုတ်ပြန် ပြောကြားခွင့်ကို ဝန်ထမ်းတစ်ဦးအား ခန့်အပ်တာဝန်ပေးမည်ဖြစ်ပါသည်။
၁၃.၅။ အကယ်၍ အဖွဲ့အစည်းတစ်ရပ် သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ သတင်းအချက်အ လက်ရယူနိုင်ခွင့်ကို သံသယရှိပါက အဆိုပါကိစ္စရပ်အား ဒါရိုက်တာဘုတ်အဖွဲ့သို့မဟုတ်CEO ထံတွင်မေးမြန်းစုံစမ်းရမည်။
၁၄။ ဝန်ထမ်းကြားဆက်ဆံရေး
၁၄.၁။ အလုပ်ခွင်အတွင်း ဝန်ထမ်းနှစ်ဦးသည် ပုဂ္ဂလိကဆက်ဆံရေး ရှိလာပါက ၎င်းတို့နှစ်ဦးထက်ပို မိုဝါရင့်သည့်ဝန်ထမ်းမှ ၎င်းတို့၏ဌာနဆိုင်ရာ မန်နေဂျာသို့ အသိပေး၍ ကိုယ်ကျိုးစီးပွား ပဋိပက္ခ ဖြစ်ပွားနိုင်ခြင်း ရှိ/မရှိကို အတည်ပြုရမည်။ ဌာနမန်နေဂျာသည်ဝန်ထမ်းရေးရာအကြီးအကဲထံသို့ အသိပေး၍ အကြီးအကဲမှ အဆိုပါဖြစ်ရပ်ကို မှတ်တမ်းတင်ထားရှိရမည်။ ဘဏ်သည်လိုအပ်ပါက ဝန်ထမ်းနှစ်ဦးမှတစ်ဦးအား ရွှေ့ပြောင်းတာဝန်ပေးအပ်ခြင်းအား ပြုလုပ်ပိုင်ခွင့်ရှိပါသည်။
၁၅။ အချိန်တိကျသေချာမှု
၁၅.၁။ ဝန်ထမ်းအားလုံးသည်၎င်းတို့၏ အလုပ်ချိန်နှင့်အညီအလုပ်ခွင်သို့ အချိန်မှန် လာရောက်ကြောင်း အသိပေးရန် လိုအပ်ပါသည်။ ဘဏ်အနေဖြင့် ဝန်ထမ်းများအား အလုပ်ခွင်အတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ကောင်းမွန်သည့် လုပ်ငန်းခွင်ဖြစ်စေရန်အတွက် ၎င်းတို့၏ လုပ်ဖော်ကို င်ဖက်များနှင့် သဟဇာတ အလုပ်လုပ်ကိုင်ရန် တိုက်တွန်းအားပေးပါသည်။ ဝန်ထမ်းများ အနေဖြင့် တာဝန်ချိန်အတွင်း ကော်ဖီ/ရေပူ-ရေအေးစက်များတွင် အချိန်ဖြုန်းခြင်း၊ မလိုအပ်ပဲ ၎င်းတို့၏ အလုပ်စားပွဲမှထွက်ခွာခြင်းတို့ကို ပြုလုပ်၍အလွဲသုံးစားမပြုသင့်ပါ။
၁၆။ ပြင်ပအလုပ်အကိုင်လုပ်ကိုင်ခြင်း
၁၆.၁။ ဝန်ထမ်းအားလုံးသည် ၎င်းတို့အနေဖြင့် အခကြေးငွေရ၍ဖြစ်စေ၊ အခကြေးငွေမရပဲဖြစ်စေ ပြင်ပတွင် အလုပ်လုပ်ကိုင်လိုပါက ၎င်းတို့၏ ဌာနအကြီးအကဲနှင့် ဝန်ထမ်းရေးရာ အကြီးအကဲမှ တဆင့် အကြီးတန်းအုပ်ချုပ်ရေးထံမှခွင့်ပြုစာတောင်းခံရန်လိုအပ်ပါသည်။
၁၇။ ကွန်ပြူတာနှင့်ကွန်ယက်အသုံးပြုမှု
၁၇.၁။ ကွန်ပြူတာ တွက်ချက်ရေး စက်ကိရိယာများနှင့် ကွန်ယက်အရင်းအမြစ်များအား သေချာစွာအသုံးပြု ထိန်းသိမ်းရန်မှာ ဝန်ထမ်းအားလုံး၏ တာဝန်ဖြစ်ပါသည်။
၁၇.၂။ ကွန်ပြူတာများမှ စကားဝှက်များ သို့မဟုတ် ဝန်ထမ်းတစ်ဦးချင်းစီသို့ ပေးအပ်ထားသည့်ကွ န်ပြူတာစနစ်များနှင့် ဝန်ထမ်းတစ်ဦးချင်းစီအနေဖြင့် စကားဝှက်များကို လျှို့ဝှက်အဖြစ် ထိန်းသိမ်းထားရန်နှင့် အခြားသောဝန်ထမ်း သို့မဟုတ် မည်သည့်တတိယကြားခံကိုမျှ ဝေမျှခြင်း မပြုရ။ ဝန်ထမ်းတစ်ဦးသည်၎င်း၏စကားဝှက်အား အခြားဝန်ထမ်း သို့မဟုတ်တတိယကြားခံသို့ ပေးအပ်ခြင်းသည် ဘဏ်၏စည်းကမ်းကို ချိုးဖောက်ခြင်းဖြစ်ပြီး စည်းကမ်းရေးရာအရ အရေး ယူခံရမည်ဖြစ်သည်။
၁၈။ ဘဏ်၏အသုံးအဆောင်ပစ္စည်းများ
၁၈.၁။ အလုပ်လုပ်ကိုင်စဉ်ကာလအတွင်း ဝန်ထမ်းများသို့ ပေးအပ်ထားသည့် ပစ္စည်းအားလုံးဥပမာ – ITစက်ပစ္စည်းများ၊ စနစ်များ၏ စကားဝှက်များ၊ မိုဘိုင်းဖုန်းများ၊ သော့များ (အီလက်ထရောနစ်နည်းပညာအပါအဝင်)၊ ဖိုင်များ၊ လက်စွဲများ စသည်တို့သည် ဘဏ်၏အသုံးအဆောင်
ပစ္စည်းအဖြစ် ဆက်လက်ရှိနေမည်ဖြစ်ပြီး အလုပ်တာဝန်ပြီးဆုံးသည်နှင့် တာဝန်ရှိသူထံသို့ ပြန်လည်အပ်နှံရမည်။ အဆိုပါပစ္စည်းများအား အခြားမည်သူကို မျှလွှဲပြောင်းပေးအပ်ခြင်း မပြုရပါ။
၁၈.၂။ ဝန်ထမ်းများသည် ၎င်းတို့လက်ဝယ်တွင် ရှိစဉ်ကာလတွင်လည်း အဆိုပါပစ္စည်းများကို တာဝန်ယူရမည်။ ချို့ယွင်းပျက်စီးမှုများအတွက် ပြန်လည်လဲလှယ်မှုများ ပြုလုပ်ပေးသော်လည်း သက်ဆိုင်ရာ လဲလှယ်မှုအချိန်ဇယားနှင့်အညီ ဝန်ထမ်းများ၏ ပေါ့ဆမှုကြောင့် ဖြစ်ပွားရသည့် ပျက်စီးဆုံးရှုံမှုများအတွက်လဲလှယ်မှု(ကျသင့်သည့်တန်ဖိုး) များအတွက်ဘဏ်သည်ဝန်ထမ်းထံမှ အဆိုပါကုန်ကျစားရိတ်များအား ပြန်လည်တောင်းခံခွင့်ရှိပါသည်။
၁၈.၃။ ရုံးပရဝုဏ်၏ လုံခြုံရေးမှာ ဝန်ထမ်းအားလုံး၏ တာဝန်ဖြစ်ပါသည်။ ရုံးချိန်ပြင်ပနှင့် စနေ၊တနင်္ဂနွေရုံးပိတ်ရက်များ၌ ရုံးပရဝုဏ်အတွင်းသို့ ရုံးချိန်ပြင်ပလာရောက်သည့် မည်သည့်ဝန်ထမ်းမဆိုခိုင်လုံသည့် အကြောင်းပြချက်ရှိရမည်။ မည်သို့သော အခွင့်မရှိပဲ ဝင်ထွက်မှုကိုမဆို ဘဏ်စည်းကမ်း ချိုးဖောက်မှုအဖြစ် သတ်မှတ်မည်ဖြစ်ပြီး စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုကို အလုပ်မှထုတ်ပယ်သည်အထိအရေးယူနိုင်ပါသည်။
၁၉။ နိုင်ငံရေးနှင့်နိုင်ငံသားဆိုင်ရာပါဝင်လှုပ်ရှားမှုများ
၁၉.၁။ ဝန်ထမ်းများအား မည်သည့်နိုင်ငံရေးပါတီသို့မဆို ဝင်ရောက်ခြင်း၊ နိုင်ငံရေးလှုပ်ရှားမှုများ၌ ပါဝင်လှုပ်ရှားခြင်းတို့အတွက် ကန့်သတ်ပိတ်ပင်ထားခြင်းမရှိပါ။ ဝန်ထမ်းများအား နိုင်ငံရေး မဟုတ်သည့် လူထုလှုပ်ရှားမှုများ သို့မဟုတ် လူမှုရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ခြင်းမှ ကန့်သတ်ပိတ်ပင်ရန် ဘဏ်မှမရည်ရွယ်ပါ။ သို့သော် ထိုသို့ပါဝင်ဆောင်ရွက်ရာတွင် ဝန်ထမ်း အနေဖြင့် ဘဏ်ကိုယ်စားပြုအနေဖြင့်သော်လည်းကောင်း၊ ဘဏ်၏ပံ့ပိုးပေးမှုဖြင့်သော်လည်း ကောင်း လုပ်ဆောင်သည်ဟု အခြားသူများမှ ထင်မြင်သက်ရောက်ခြင်း မရှိစေရန် အထူးအရေးကြီးပါသည်။ အထင်အမြင်လွဲမှားမှုများကို ရှောင်ရှားရန်အတွက် ဘဏ်ဝန်ထမ်းအနေဖြင့်မိ မိနှင့်ဘဏ်၏ ဆက်နွယ်မှုကို ဌာနအကြီးအကဲ၏ ဝန်ထမ်းရေးရာ အကြီးအကဲနှင့် ဆွေးနွေး တိုင်ပင်ဆုံးဖြတ်ထားသည့် ခွင့်ပြုစာမပါရှိပဲ မည်သည့်ပြင်ပအဖွဲ့အစည်းများ၏ ပစ္စည်းကိရိယာနှင့် လှုပ်ရှားဆောင်ရွက်မှုများတွင်မှတ်သားခွင့်ပြုခြင်းလုံးဝမပြုသင့်ပါ။
(ဃ) ယေဘုယျကျင့်ဝတ်
၂၀။ ဝန်ထမ်းများသည်အချိန်တိုင်း၌ ဘဏ်၏ဂုဏ်သတင်းကို တိုးတက်ကောင်းမွန်စေရန်အချိန်တိုင်းပြုမူလုပ်ဆောင်ရမည်။ တစ်ဦးအပေါ်တစ်ဦး လေးစားသမှုရှိခြင်းသည် ဘဏ်မှလက်ခံကျင့်သုံး လျက်ရှိသည့် စံဖြစ်ပြီး မည်သည့်အနိုင်အထက်ပြုခြင်း၊ သေးသိမ်အောင်အချက်အလက်များအား မှားယွင်းစွာတင်ပြခြင်း သို့မဟုတ် ဝန်ထမ်းတစ်ဦးမှ အခြားတစ်ဦးသို့ ခွဲခြားဆက်ဆံခြင်း များအတွက်ဘဏ်အနေဖြင့်သည်းခံခွင့်လွှတ်မည်မဟုတ်ပါ။
၂၁။ ဘဏ်အနေဖြင့် ဤမူဝါဒအပေါ် သတိပြုလိုက်နာသည့် ဝန်ထမ်းများ၊ မူဝါဒအပေါ် ချိုးဖောက်မှုများ(သို့မဟုတ်) ချိုးဖောက်နေသည်ဟု အမှန်တကယ် ယုံကြည်သူများ၊ ချိုးဖောက်ထားသူများ (သို့မဟုတ်) လုပ်ငန်းအတွင်း ချိုးဖောက်ရန် လုပ်ဆောင်နေသူများကို ထုတ်ဖော်တင်ပြလိုသည့် ဝန်ထမ်းများအား ထောက်ခံအားပေးပါသည်။ ဝန်ထမ်းများသည် ကိစ္စရပ်များအား ဘဏ်၏ အသိပေးတိုင်ကြားခြင်းဆိုင်ရာမူဝါဒနှင့်အညီ မိမိတို့၏မန်နေဂျာ/ကြီးကြပ်သူ သို့မဟုတ်ဝန်ထမ်းရေးရာအကြီးအကဲထံသို့ဌာနတွင်းအနေဖြင့်အသိပေးပြောကြားရမည်ဖြစ်ပါသည်။
၂၂။ ဤကျင့်ဝတ်ဆိုင်ရာ စံနှုန်းများသည် ဘဏ်မှ၎င်း၏ဝန်ထမ်းများအတွက် သတ်မှတ်ထားသည့်စံနှုန်းများဖြစ်ပြီး အလုပ်ခန့်အပ်မှုစာချုပ်၏ အခြေခံအစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်ပါသည်။ ဤမူဝါဒတွင် အသေးစိတ်ဖော်ပြထားသည့် လမ်းညွှန်ချက်များကို လိုက်နာရန်ပျက်ကွက်သည့် ဝန်ထမ်းများအား နောက်ဆက်တွဲ အလုံးစုံစုံစမ်းစစ်ဆေးခြင်း၊ အလုပ်မှထုတ်ပယ်သည်အထိ စည်းကမ်းပိုင်းဆိုင်ရာ အပြစ်ပေးခြင်းအထိ အရေးယူခံရနိုင်ပါသည်။ အကယ်၍ ဝန်ထမ်းများ၏ ဆောင်ရွက်ချက် သို့မဟုတ် ပျက်ကွက်မှုများသည် ဤမူဝါဒ သို့မဟုတ် ၎င်းတို့၏ တရားဝင် တာဝန်ဝတ္တရားများကို ချိုးဖောက်သည်ဟု တွေ့ရှိပါက ဘဏ်အနေဖြင့် လိုအပ်လျှင်တ ရားဥပဒေနည်းလမ်းအရ အရေးယူဆောင်ရွက်ခွင့်ရှိပါသည်။
  • ၁။ အကျင့်စာရိတ္တဆိုင်ရာ မူဝါဒနှင့် ကတိဝန်ခံချက်ပုံစံအား ဝန်ထမ်းရေးရာမှ ဝန်ထမ်းအသစ်သို့ ပေးအပ်ရမည်။ ဝန်ထမ်းအသစ်သည် မူဝါဒအားဖတ်ရှု၍ သိရှိနားလည်သဘောတူလက်ခံကြောင်းကို ကတိဝန်ခံချက်၌ လက်မှတ်ရေးထိုးရမည်ဖြစ်ပြီး အကယ်၍ အကျင့်စာရိတ္တနှင့်သက်ဆိုင်သည့် အခြေအနေတစ်ရပ်ရပ် ပေါ်ပေါက်လာပါက ၎င်းအနေဖြင့် လက်မှတ်ရေးထိုးထားသည်ကို ဝန်ထမ်းရေးရာအကြီးအကဲထံ ထုတ်ဖော်ပြောကြားရမည်။ အကျင့်စာရိတ္တဆိုင်ရာ အခြေအနေများတွင် အောက်ပါတို့ပါဝင်သော်လည်း ယခုအခြေအနေများကိုသာဆိုလိုကန့်သတ်ထားခြင်း မဟုတ်ပါ။
    (က) လက်ဆောင်များနှင့်ဧည့်ခံမှုများကိုလက်ခံခြင်းဘဏ်အနေဖြင့် ၎င်း၏ဝန်ထမ်းများကို ၎င်းတို့အား ကမ်းလှမ်းသည့် လက်ဆောင်ပဏ္ဍာ၊ဧည့်ဝတ်ပြုမှုများနှင့်ပတ်သက်၍ ကမ္ဘောဇဘဏ်၏ ‘လက်ဆောင်လုံးဝမယူရမူဝါဒ’အရငြင်းပယ်စေလိုပါသည်။ ဤမူဝါဒသည် အလုပ်ချိန်အတွင်းနှင့် အလုပ်ချိန်ပြင်ပတွင်ကမ်းလှမ်းသည့် လက်ဆောင်ပဏ္ဍာနှင့် ဧည့်ဝတ်ပြုမှုများအားလုံးအပေါ် အကျုံးဝင်ပါသည်။ အကယ်၍ လက်ဆောင်အား ဝန်ထမ်းမှ ငြင်းပယ်နိုင်ခြင်း မရှိပါက အဆိုပါလက်ဆောင်ပစ္စည်းရရှိမှုအား ဝန်ထမ်းရေးရာအကြီးအကဲသို့ သင့်လျော်သည့် နည်းလမ်အသုံးပြု၍ အကြောင်းကြားရပါမည်။ လက်ဆောင်ပစ္စည်းအပေါ် စီမံခန့်ခွဲမှုအားအကြီးတန်းအရာရှိမှကိစ္စတစ်ခုစီအလိုက ်ဆုံးဖြတ်ပေးမည်ဖြစ်ပါသည်။
    (ခ) ဘဏ်နှင့်ပုံမှန်ကုန်သွယ်မှုပြုလုပ်သည့် တင်သွင်းသူများထံမှ လျှော့ဈေးနှင့် အထူးဆုလက်ဆောင်ကမ်းလှမ်းမှုများ၊ အထွေထွေ သဘောတရားတစ်ရပ်အဖြစ် ဝန်ထမ်းများသည်ဘဏ်သို့တင်သွင်းသူများထံမှ ပုဂ္ဂလိကဝယ်ယူမှုများနှင့် ဝန်ဆောင်မှုများအတွက်ဈေးလျှော့ပေးခြင်းကိုလက်မခံသင့်ပါ။
    (ဂ) ပွဲတော်၊ အခမ်းအနားများတက်ရောက်ခြင်း -ဝန်ထမ်းတစ်ဦးသည်အခြားသောပုဂ္ဂိုလ်/အဖွဲ့အစည်းထံမှအခမ်းအနားတစ်ခုသို့ဘဏ်၏ကိုယ်စားလှယ်အဖြစ် တက်ရောက်ပေးပါရန် ဖိတ်ကြားမှုအား လက်ခံရရှိပါက ၎င်း၏ဌာနအကြီးအကဲထံမှ အတည်ပြုချက်ကို ရယူရမည်။ အခမ်းအနားများတွင် တေးဂီတဖျော်ဖြေပွဲများ၊ ညစာစားပွဲများ၊ အထူးပွဲများ၊ ရေပေါ်ညစာစားပွဲ၊ ဂေါ့ဖ်ရိုက်ကစားခြင်းနှငကုမ္ပဏီဆိုင်ရာပွဲများအဖြစ်အခြားသော ပွဲအမျိုးမျိုးပါဝင်ပါသည်။
    (ဃ) လာဘ်စားမှုနှင့်အဂတိလိုက်စားမှုကင်းရှင်းရေး
    (င ) အမူအကျင့်များ အချိန်တိုင်း၌ လက်ဖော်ကိုင်ဖက်အားလုံးနှင့် အခြားသူများကို လေးလေးစားစား ပြုမူဆက်ဆံ၍ အမြင့်ဆုံး လူမှုကျင့်ဝတ်စံနှုန်းကိုလိုက်နာကျင့်သုံးရမည်။
ထုတ်ဖော်ပြောကြားမှုမူဝါဒနှင့်လုပ်ငန်းစဉ်
၁။ ဝန်ထမ်းအနေဖြင့် အကျင့်စာရိတ္တနှင့်ပတ်သက်၍ မူဝါဒနှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာ ရမည်ဖြစ်သည်။ လိုက်နာဆောင်ရွက်နိုင်မှုမရှိခြင်းသည်သဘောတူညီမှုအား ချိုးဖောက်ခြင်းဖြစ်ပြီး အလုပ်မှထုတ်ပယ်ခြင်း၊ ဒုစရိုက်မှုကျူးလွန်ခြင်းအတွက်တရားရုံး၌ ပြစ်ဒဏ်ခံရခြင်းအထိအရေးယူခံရမည်ဖြစ်ပါသည်။
၂။ လက်ဆောင်များကို လက်ဆောင် လက်ခံရရှိမှုပုံစံတွင်ဖြည့်စွက်၍ ဝန်ထမ်းရေးရာ အကြီးအကဲ ထံတွင်တင်ပြလက်ခံရမည်။
၃။ ထိုကဲ့သို့သော ကိစ္စရပ်များ၏ ဆုံးဖြတ်ချက်များအားလုံးကို ဒါရိုက်တာဘုတ်အဖွဲ့မှ ဆုံးဖြတ်ချက်ပေး မည်ဖြစ်ပြီး မှတ်တမ်းတင်သိမ်းဆည်းထားမည်ဖြစ်သည်၊
၄။ ဝန်ထမ်းအားလုံးသည် ဘဏ်၌စတင်တာဝန်ထမ်းဆောင်ချိန်တွင် ဤမူဝါဒအား ဖတ်ရှုနားလည်သဘောပေါက်ပြီး ဖြစ်ရပါမည်။
ဝန်ခံကတိပြုချက်
ကျွန်တော်/မသည် ဘဏ်၏အကျင့်စာရိတ္တဆိုင်ရာ မူဝါဒကို ဖတ်ရှုပြီးဖြစ်ကာ ကောင်းစွာသဘောပေါက်နားလည်ပါသည်။ ကျွန်တော်/မသည်ဤမူဝါဒကို ချိုးဖောက်စေရန်အလားအလာရှိသည့်ကိုယ်ကျိုးစီးပွား၊ဆက်ဆံရေး၊ ပိုင်ဆိုင်မှုများ အားလုံးကို အပြည့်အဝထုတ်ဖော်တင်ပြပါမည်။ အကျင့်စာရိတ္တဆိုင်ရာအခြေအနေများ ပေါ်ပေါက်လာပါက ကျွန်တော်/မသည်ဒါရိုက်တာဘုတ်အဖွဲ့ကို မချွင်းမချန်တင်ပြပါမည်။ကျွန်တော်/မအနေဖြင့် ယခုထုတ်ဖော်တင်ပြမှုတွင် တိကျသေချာမှုမရှိသည့် အချက်အလက်များကိုသတိပြုတွေ့ရှိလျှင်သော်၎င်း သို့မဟုတ် ဤအကျင့်စာရိတ္တဆိုင်ရာ မူဝါဒအား လိုက်နာနိုင်ခြင်းမရှိလျှင်သော်၎င်း ဒါရိုက်တာဘုတ်အဖွဲ့သို့ ချက်ချင်း အသိပေးအကြောင်းကြားပါမည်ဟု သဘောတူလက်ခံပါသည်။
အမည်နှင့်ရာထူး
လက်မှတ်
ရက်စွဲ
ကိုယ်ကျိုးစီးပွားပဋိပက္ခဆိုင်ရာမူဝါဒနှင့်ဝန်ခံကတိပြုချက်
၁။ ကိုယ်ကျိုးစီးပွား ပဋိပက္ခဆိုင်ရာ မူဝါဒအား ဝန်ထမ်းရေးရာမှ ဝန်ထမ်းအသစ်သို့ ပေးအပ်ရမည်။ဝန်ထမ်းအသစ်သည် မူဝါဒအား ဖတ်ရှု၍ သိရှိနားလည် သဘောတူလက်ခံကြောင်းကို ကတိဝန်ခံချက်၌ လက်မှတ်ရေးထိုးရမည်ဖြစ်ပြီး အကယ်၍ အကျင့်စာရိတ္တနှင့် သက်ဆိုင်သည့်အ ခြေအနေတစ်ရပ်ရပ်ပေါ်ပေါက်လာပါက ၎င်းအနေဖြင့် လက်မှတ်ရေးထိုးထားသည်ကို ဝန်ထမ်း ရေးရာအကြီးအကဲထံ ထုတ်ဖော်ပြောကြားရမည်။ အကျင့်စာရိတ္တဆိုင်ရာ အခြေအနေများတွင်အော က်ပါတို့ပါဝင်သော်လည်း ယခုအခြေအနေများကိုသာ ဆိုလိုကန့်သတ်ထားခြင်း မဟုတ်ပါ။
ကိုယ်ကျိုးစီးပွားပဋိပက္ခဖြစ်နိုင်သည့်အခြေအနေများ
(က) ရောင်းချသူနှင့်စာချုပ်ချုပ်ဆိုခြင်း
ဝန်ထမ်းများအနေဖြင့် ဘဏ်မှပြုလုပ်မည့် စီးပွားရေးလုပ်ဆောင်မှု သို့မဟုတ် စာချုပ်ချုပ်ဆိုမှု များတွင် ကိုယ်ကျိုးစီးပွားရှိပါက အဆိုပါဝန်ထမ်းများသည် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအား ထုတ်ဖော်ပြောကြားမှု အမြန်ဆုံးပြုလုပ်၍ အဆိုပါစီးပွားရေးလုပ်ဆောင်မှု သို့မဟုတ် စာချုပ် ချုပ်ဆိုမှုများတွင် ဝင်ရောက်ဆွေးနွေးခြင်း သို့မဟုတ် ဆုံးဖြတ်ချက် ချမှတ်ခြင်းနှင့် ဆန္ဒမဲပေး ခြင်းများ ပြုလုပ်ရာ၌ ကြားနေဆောင်ရွက်ရပါမည်။ ထိုကဲ့သို့သော ထုတ်ဖော်ပြောကြားမှုနှင့် လုပ်ဆောင်မှု စာချုပ်ချုပ်ဆိုမှု၏ အပြီးသတ်အဆုံးအဖြတ်အား အတည်ပြုလက်ခံသည့် သက်ဆိုင်ရာ တာဝန်ရှိသူ၏ အကဲဖြတ်မှုများကို အမြဲတစေ ကောင်းမွန်စွာ မှတ်တမ်းပြုစု ထားရှိရမည်။
(ခ) အခြားကုမ္ပဏီ၊ အဖွဲ့အစည်း သို့မဟုတ် အကြံပေးအဖွဲ့များတွင် ဒါရိုက်တာ၊ ပိုင်ရှင်၊တစ်စိတ်တစ်ပိုင်းပိုင် သို့မဟုတ် ရုပ်ဝတ္တု ထည့်ဝင်ထား၍ ဘဏ်နှင့် စီးပွားရေးလုပ်ကိုင်လိုခြင်းသို့မဟုတ် ဘဏ်နှင့်တူညီသည့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိခြင်း။
ဝန်ထမ်းများအနေဖြင့် ဘဏ်နှင့်ဆက်နွယ်လုပ်ကိုင်လျက်ရှိသည့် အခြားအဖွဲ့အစည်းများတွင်ရှင်းနှီးမြှုပ်နှံထားခြင်း ဘဏ်နှင့်အခြားအဖွဲ့အစည်းနှစ်ခုစလုံး၏ အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးတိုင်ပင်လာပါက အဆိုပါဝန်ထမ်းများသည် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအားထုတ်ဖော်ပြောကြားမှု အမြန်ဆုံးပြုလုပ်၍ အဆိုပါကိစ္စရပ်များတွင် ဝင်ရောက်ဆွေးနွေးခြင်းသို့မဟုတ်ဆုံးဖြတ်ချက်ချမှတ်ခြင်းနှင့်ဆန္ဒမဲပေးခြင်းများ ပြုလုပ်ရာ၌ ကြားနေဆောင်ရွက်ရပါမည်။
(ဂ) ဆွေမျိုးနီးစပ်သူအားအလုပ်ခန့်အပ်ထားခြင်း။
ဆွေမျိုးနီးစပ်သူ (ဆိုလိုသည်မှာရင်းနှီးကျွမ်းဝင်ရုံမျှထက်ပိုသောသူများ) အား အလုပ်ခန့်အပ်ရာ တွင် လက်ရှိအလုပ်လုပ်ကိုင်လျက်ရှိသည့် ဝန်ထမ်းသည် ဝန်ထမ်းရေးရာ၏ အလုပ်ခန့်အပ်မှု လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ရမည်။ ဝန်ထမ်းအနေဖြင့်ထိုကဲ့သို့သော ဆက်ဆံရေးများကို ထုတ်ဖော်ပြောကြားမှုတစ်ရပ်ပြုလုပ်ရမည်ဖြစ်ပြီး ဝန်ထမ်းခန့်အပ်မှု၏ ဆုံးဖြတ်ချက်ချမှတ်ရာတွင် ချယ်လှယ်ခြင်း မပြုပဲ ရှောင်ကျဉ်ထိန်းသိမ်းရမည်။ ခန့်အပ်ပြီးပါကလည်း ဝန်ထမ်းအနေဖြင့်မိမိနှင့်ပတ်သက်ဆက်နွယ်သည့် ဝန်ထမ်းအပေါ်တွင် ပြုလုပ်သည့် ဆုံးဖြတ်ချက်မှတ်ခြင်းများ အပေါ်တွင်ဝင်ရောက်ပြုလုပ်ခြင်း၊ ချယ်လှယ်လွှမ်းမိုးခြင်းများ မပြုမိအောင်ရှောင်ကျဉ်ရမည်။
ထုတ်ဖော်ပြောကြားမှုမူဝါဒနှင့်လုပ်ငန်းစဉ်
၂။ ကိုယ်ကျိုးစီးပွား ပဋိပက္ခဖြစ်ပွားလာပါက လုပ်ငန်းဆောင်ရွက်ရာတွင် ပါဝင်သူများသည် အောက်ဖော်ပြပါ အချက်များနှင့်အညီတာဝန်ယူဆောင်ရွက်ရမည်ဖြစ်သည်။
(က) အကျိုးစီးပွား ပဋိပက္ခဖြစ်ပွားမှုအား အပြည့်အဝထုတ်ဖော်ပြောကြားခြင်း။
(ခ) အကျိုးစီးပွား ပဋိပက္ခဖြစ်နေသူအား အဆိုပါလုပ်ငန်း၏ ဆွေးနွေးမှုများ၊ အတည်ပြုမှုများ
တွင်ချန်လှပ်ထားရမည်။
(ဂ) အများနှင့်တန်းတူရှိသည့် ဈေးပြိုင်သတ်မှတ်ချက် သို့မဟုတ် နှိုင်းယှဉ်နိုင်သည့် တန်ဖိုး
ဖြတ်မှုထားရှိရမည်။
(ဃ) အကြီးတန်းအုပ်ချုပ်သူများအနေဖြင့် လုပ်ဆောင်မှုအား ဘဏ်၏အကောင်းဆုံး အကျိုး
စီးပွားရရှိအောင်ဆုံးဖြတ်လုပ်ဆောင်ရမည်။
၃။ ထုတ်ဖော်ပြောကြားမှုအား ဌာနအကြီးအကဲ၊ ဝန်ထမ်းရေးရာအကြီးအကဲတို့မှတဆင့် ဒါရိုက်တာဘုတ်အဖွဲ့အားတင်ပြရမည်။
၄။ ဝန်ထမ်းအားလုံးသည် ဘဏ်၌စတင်တာဝန်ထမ်းဆောင်ချိန်တွင် ဤမူဝါဒအား ဖတ်ရှုနားလည် သဘောပေါက်ပြီး ဖြစ်ရပါမည်။
၅။ ကိုယ်ကျိုးစီးပွား ပဋိပက္ခဖြစ်ပွားစေနိုင်သည့်အခြေအနေများတွင်ပါဝင်ပတ်သက်သည့်ဝန်ထမ်းမှအကျိုးစီးပွားနှင့်ပတ်သက်၍ မည်သည့်ထုတ်ဖော်ပြောကြားမှုမျိုးကိုမဆို သတ်မှတ်ထားသူ အားလုံးမှသင့်လျော်သလို မှတ်သား၊ပြုစု၍ မွမ်းမံရမည်ဖြစ်သည်။
ဝန်ခံကတိပြုချက်
ကျွန်တော်/မသည် ဘဏ်၏အကျင့်စာရိတ္တဆိုင်ရာ မူဝါဒကို ဖတ်ရှုပြီးဖြစ်ကာ ကောင်းစွာသဘောပေါက်နားလည်ပါသည်။ ကျွန်တော်/မသည်ဤမူဝါဒကို ချိုးဖောက်စေရန်အလားအလာရှိသည့်ကိုယ်ကျိုးစီးပွား၊ဆက်ဆံရေး၊ ပိုင်ဆိုင်မှုများ အားလုံးကို အပြည့်အဝထုတ်ဖော်တင်ပြပါမည်။ အကျင့်စာရိတ္တဆိုင်ရာအခြေအနေများ ပေါ်ပေါက်လာပါက ကျွန်တော်/မသည်ဒါရိုက်တာဘုတ်အဖွဲ့ကို မချွင်းမချန်တင်ပြပါမည်။ကျွန်တော်/မအနေဖြင့် ယခုထုတ်ဖော်တင်ပြမှုတွင် တိကျသေချာမှုမရှိသည့် အချက်အလက်များကိုသတိပြုတွေ့ရှိလျှင်သော်၎င်း သို့မဟုတ် ဤအကျင့်စာရိတ္တဆိုင်ရာ မူဝါဒအား လိုက်နာနိုင်ခြင်းမရှိလျှင်သော်၎င်း ဒါရိုက်တာဘုတ်အဖွဲ့သို့ ချက်ချင်း အသိပေးအကြောင်းကြားပါမည်ဟု သဘောတူလက်ခံပါသည်။
အမည်နှင့်ရာထူး
လက်မှတ်
ရက်စွဲ