ပြည်တွင်းငွေလွှဲလုပ်ငန်း
ပြည်တွင်းငွေလွှဲလုပ်ငန်း
ကမ္ဘောဇဘဏ်လီမိတက်၏ ကြီးမားကျယ်ပြန့်သည့်ဘဏ်ခွဲကွန်ရက်ကိုအသုံးပြု၍ မြန်မာနိုင်ငံအနှံအပြားသို့ အသက်သာဆုံးငွေလွှဲခနှုန်းထားဖြင့် လုံခြုံစိတ်ချစွာ ငွေလွှဲပေးပို့နိုင်ပါသည်။
ငွေလွှဲပေးပို့ရာတွင် လိုအပ်သည့် အချက်အလက်များ
ငွေလွှဲပေးပို့မည့်သူသည် နီးစပ်ရာကမ္ဘောဇဘဏ်ခွဲသို့ မှတ်ပုံတင်မူရင်းကို ယူဆောင်၍ ကိုယ်တိုင်သွားရောက်ငွေလွှဲပေးပို့နိုင်ပါသည်။
ငွေလွှဲထုတ်ယူရာတွင် လိုအပ်သည့် အချက်အလက်များ
ငွေလွှဲထုတ်ယူမည့်သူသည် အသက် (၁၈) နှစ်ပြည့်ပြီးသူ ဖြစ်ရမည်ဖြစ်ပြီး ငွေလွှဲထုတ်ယူမည့် ဘဏ်ခွဲသို့ မှတ်ပုံတင်မူရင်းဖြင့် ကိုယ်တိုင်သွားရောက်၍ ထုတ်ယူရမည် ဖြစ်ပါသည်။
ငွေလွှဲပေးပို့နိုင်သည့် ဘဏ်ခွဲများ
ငွေလွှဲရန် ဘဏ်ခွဲစာရင်းကို ကြည့်ရှုနိုင်ပါသည်။
အသေးစိတ်သိရှိလိုပါက ဖုန်း 09951018555 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
အကျိုးကျေးဇူးများ

ငွေလွှဲခနှုန်းထား သက်သာခြင်း

လုံခြုံစိတ်ချမှုရှိခြင်း

မြန်မာနိုင်ငံအနှံအပြားသို့ ငွေလွှဲပေးပို့နိုင်ခြင်း

ငွေလွှဲပေးပို့ငွေအား စာရင်းလွှဲပြောင်း ထုတ်ယူနိုင်ခြင်း
လိုအပ်သည့် အချက်အလက် နှင့် စာရွက်စာတမ်း
- ငွေလွှဲသူ အနေဖြင့် –
– ငွေလွှဲမည့်သူနှင့် ငွေလက်ခံမည့်သူနှစ်ဦးစလုံး၏ မှတ်ပုံတင်နံပါတ်နှင့် အမည်များ
– ငွေလက်ခံထုတ်ယူမည့် ကမ္ဘောဇ ဘဏ်ခွဲအမည် - ငွေလွှဲထုတ်ယူမည့် သူအနေဖြင့်
– မှတ်ပုံတင်(မူရင်း) လိုအပ်ပါသည်။