စုပွား
စုပွားသည် သာမန်ငွေစု စာအုပ်များထက် အတိုးနှုန်းပိုမိုရရှိစေမည့် ငွေစုပုံစံတစ်မျိုးဖြစ်ပါသည်။ စုပွား၏ ရည်ရွယ်ရင်းမှာ နောင်ရေးအတွက် ပိုမိုခိုင်မာသောအနာဂတ်များကို အကောင်အထည်ဖော်တည်ဆောက်နိုင်ရန်အတွက်ဖြစ်ပါသည်။ စုပွားဖြင့် သား၊သမီးများ၏ပညာရေးအသုံးစရိတ်၊ တန်ဖိုးကြီးလက်ဆောင်ပစ္စည်းဝယ်ယူရန်၊ အလည်အပတ်ခရီးစဉ်၊ ကား(သို့)အိမ်ဝယ်ရန်၊ အလှူမင်္ဂလာဆောင်အခမ်းအနားများကျင်းပဆောင်ရွက်ရန်နှင့် အခြားအခြားသောရည်ရွယ်ချက်ဆန္ဒများကို အကောင်အထည်ဖော်နိုင်ရန်အတွက် ကမ္ဘောဇဘဏ်မှအထူးဝန်ဆောင်မှုပေးထားသည့် စုငွေတစ်မျိုးဖြစ်ပါသည်။