နိုင်ငံခြားသို့ ငွေလွှဲပေးပို့ခြင်း (Outward Remittance)

သွင်းကုန်တန်ဖိုးပေးပို့ငွေ၊ ကုန်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ၊ ပြည်ပချည်းငွေများ၊ အတိုးများ နှင့် အမြတ်များ ပြန်လည်ပေးချေရာတွင် နိုင်ငံရပ်ခြားပြည်ပဘဏ်များသို့ ကမ္ဘောဇဘဏ်မှ ငွေလွှဲပေးပို့ခြင်း ဖြစ်ပါသည်။


Remittance Methods

  Western Union (Outbound)

  Outward Telegraphic Transfer (via SWIFT)


Western Union (Outbound ငွေလွှဲပေးပို့ခြင်း)

Western union သည် အမေရိကန်နိုင်ငံအခြေစိုက် ငွေကြေးဆိုင်ရာအဖွဲအစည်းတခုဖြစ်ပြီး တစ်ကမ္ဘာလုံးရှိ မိသားစုနှင့် မိတ်ဆွေများထံသို့ မြန်မာနိုင်ငံမှငွေလွှဲပေးပို့ရာတွင် လွယ်ကူလျှင်မြန် ယုံကြည်စိတ်ချစွာပေးပို့နိုင်ရန် ဆောင်ရွက်ပေးသော အွန်လိုင်းဝန်ဆောင်မှုတစ်ခုဖြစ်ပါသည်။ MTCN ဂဏန်း၁၀လုံးဖြင့် ငွေသားထုတ်ယူမှုပြုလုပ်နိုင်ပါမည်။

အများဆုံးပေးပို့နိုင်သော ငွေပမာဏ

  • အများဆုံးပေးပို့နိုင်သော ငွေပမာဏမှာ အမေရိကန်ဒေါ်လာ 3000
  • တစ်ခါတစ်ရံ ငွေလွှဲမည့်နိုင်ငံ၏ payout procedure အရ အမေရိကန်ဒေါ်လာ ၃၀၀၀ ထပ်နည်းနိုင်ပါသည်။

ကြာမြင့်ချိန်

  • မိနစ်ပိုင်းအတွင်းမျှသာ
  •      *တခါတရံ ပေးပို့ရမည့်နိုင်ငံတွင်ရှိသော အေးဂျင့်များ၏ အချိန်ကွာခြားမှုနှင့် သတ်မှတ်မူဝါဒများကြောင့် အနည်းငယ် ကြာမြင့်နိုင်ပါသည်။

နိုင်ငံခြားငွေလဲလှယ်သည့် နှုန်းထားများ

  • နိုင်ငံခြားငွေလဲလှယ်သည့် နှုန်းထားများသည် western union system ဘက်မှ အလိုအလျောက်တွက်ချက်ထားသောနှုန်းထားများဖြစ်ပါသည်။
    *နှုန်းထားများ အချိန်နှင့်တပြေးညီ ပြောင်းလဲမှုများရှိနိုင်ပါသည်

လိုအပ်သောစာရွက်စာတမ်းမျာ

  • ငွေလွှဲပေးပို့မည့် အကြောင်းအရာအလိုက် ပေးရမည့် စာရွက်စာတမ်း ကွာခြားမှုရှိပါသည်

ငွေလွှဲပေးပို့ ဆောင်ရွက်ရာတွင် ပေးဆောင်ရန်ငွေပမာဏ

  • အမေရိကန်ဒေါ်လာနှင့်ငွေလွှဲဆောင်ရွက်မည်ဆိုပါက အမေရိကန် ၂၅ ဒေါ်လာပေးဆောင်ရပါမည်
  • မြန်မာကျပ်ငွေနှင့် ငွေလွှဲဆောင်ရွက်မည်ဆိုပါက ၃၂၀၀၀ ကျပ် ပေးဆောင်ရပါမည် ( ငွေလွှဲပေးပို့သူဘက်မှသာလျှင် ဆောင်ရွက်ငွေကုန်ကျမည်သာဖြစ်ပါသည် )

ငွေလွှဲပေးပို့နိုင်သော နိုင်ငံများ

  • မြောက်ကိုရီးယား၊အာမေနီးယား နှင့် အီရန် နိုင်ငံများမှအပ ကမ္ဘာပေါ်ရှိ ကျန်နိုင်ငံများ သို့ပေးပို့နိုင်ပါသည်။

လိုအပ်သောစာရွက်စာတမ်းမျာ

  • ငွေလွှဲပေးပို့မည့်သူ၏ နိုင်ငံသားမှတ်ပုံတင်
  • ငွေလွှဲပေးပို့မည့်ပမဏ
  • ငွေလွှဲပေးပို့မည့်သူ၏ နေထိုင်ရာနိုင်ငံ
  • လက်ခံမည့်သူ၏ မှတ်ပုံတင် သို့ ပတ်စပို့

(အမေရိကန် ၊ ကနေဒါ နှင့် မက္ကစီကို နိုင်ငံများသို့ ငွေလွှဲပေးပို့မည်ဆိုပါက ပြည်နယ် (သို့) မြို့နယ်အမည်များကိုဖော်ပြရပါမည်။တချို့သောနိုင်ငံများအတွက် စစ်ဆေးမှုမေးခွန်းများကို TSMF တွင်ဖြေဆိုရမည်ဖြစ်ပြီး တချို့နိုင်ငံများတွင် သတ်မှတ်ထားသော ငွေလက်ခံပမာဏပါရှိပါသည်။)

တချို့သောနိုင်ငံများအတွက် စစ်ဆေးမှုမေးခွန်းများကို TSMF တွင်ဖြေဆိုရမည်ဖြစ်ပြီး တချို့နိုင်ငံများတွင် သတ်မှတ်ထားသော ငွေလက်ခံပမာဏပါရှိပါသည်။

Outward Telegraphic Transfer (via SWIFT)

Trade Payment

  • Import TT Applicaion Form

 Non-trade and Service Payment

  • Non Trade Application Form

လိုအပ်သောစာရွက်စာတမ်းများ အသေးစိတ်ကို သိရှိလိုပါက ဤနေရာကိုနှိပ်ပါ


Request Letter Sample

Undertaking Letter Sample

Foreign Remittance Terms & Conditions

 Trade payment အတွက် လိုအပ်သော စာရွက်စာတမ်းများ

  • လျှောက်လွှာ
  • ပေးပို့ရမည့် အကြောင်းအရင်းများအား ရှင်းပြသည့်စာ( ကုမ္ပဏီ letterheadနှင့်တကွ)
  • နိုင်ငံခြား အပ်ငွေအကောင့်( ကုမ္ပဏီအကောင့် )
  • သွင်းကုန်လိုင်စင်/သွင်းကုန်ပါမစ် မူရင်း
  • သွင်းကုန်ကြေငြာစာ မူရင်း
  • တင်သွင်းသောသင်္ဘောပါကုန်ပစ္စည်းစာရင်း/ လေကြောင်းပါကုန်ပစ္စည်းစာရင်း/ကုန်တင် ပြေစာ အတိအကျ
  • Commercial ပြေစာ မူရင်း
  • နိုင်ငံသားမှတ်ပုံတင် မူရင်း/မိတ္တူ( တစ်ယောက်ချင်းစီအတွက်)

Non-trade payment အတွက်လိုအပ်သောစာရွက်စာတမ်းများ

  • လျှောက်လွှာ
  • ပေးပို့ရမည့် အကြောင်းအရင်းများအား ရှင်းပြသည့်စာ( ကုမ္ပဏီ letterheadနှင့်တကွ)
  • တခြားအထောက်အပံ့ဖြစ်သောစာရွက်စာတမ်းများ(ပြေစာ၊စာချုပ်၊သဘောတူညီမှုစာချုပ်၊စသဖြင့် ငွေလွှဲမည့် အကြောင်းအရာပေါ်တည်၍ကွဲပြားပါသည် ဥပမာ-ကျောင်းလခပေးသွင်းခြင်း၊တိုင်ပင်ဆွေးနွေးခပေးသွင်းခြင်း၊ခရီးသွားစရိတ်များ၊ကုန်တင်ပို့ခ စရိတ်များ နှင့် လစာပေးသွင်းခြင်းများ)

 ငွေလွှဲခများ

  • လွှဲပို့ငွေပမာဏ အမေရိကန်ဒေါ်လာ  USD 20,000 အထိကို USD 25 အနည်းဆုံးပေးဆောင်ရမည်
  • လွှဲငွေပမာဏ USD 20,000 နှင့်အထက်လွှဲငွေများအား လွှဲငွေပမာဏအပေါ်တွင် 0.125% ငွေလွှဲပို့သည့် ငွေကြေးအမျိုးအစားပေါ်မူတည်၍ ကောက်ခံပါသည်။

၀န်ဆောင်ခ

  • Swift Charges: USD 10 (1st Oct, 2018 နေ့မှစတင်၍)
  • အခြားဝန်ဆောင်ခများ USD 10 + Swift USD 10 (အမှားပြင်ဆင်ခြင်း / ငွေလွှဲစုံစမ်းစစ်ဆေးခြင်း /ငွေလွှဲ ရှာဖွေမှုစုံစမ်းခြင်း (Tracer)/ ငွေလွှဲ ဖျက်သိမ်းခြင်း)

မှတ်ချက်:

  • ဤ၀န်ဆောင်ခများအားလုံးသည် အမေရိကန်ဒေါ်လာ နှင့် အခြားငွေကြေးများသည် အမေရိကန်ဒေါ်လာနှင့် ညီမျှသည့်ငွေပမာဏကိုတွက်ချက်ကောက်ခံပါမည်။
  • အခြားငွေကြေးအရောင်းအ ၀ယ်များ၏မည်သည့်၀န်ဆောင်ခမဆိုဘဏ်မှသတ်မှတ်သည့် အမေရီကန်ဒေါ်လာ (USD) ငွေလဲနှုန်းပေါ် မူတည်၍ ပြောင်းလဲသွားမည်။

အချိန်ကုန်သက်သာခြင်း

သင်ချစ်ရသောသူများကို ငွေလွှဲပေးပို့ရန် အမြန်ဆုံးသောနည်းလမ်း


နိုင်ငံတစ်ဝန်းသို့

မြန်မာနိုင်ငံအတွင်း မည့်သည့်နေရာမဆို ငွေလွှဲဆောင်ရွက်နိုင်ခြင်း


အဆင်ပြေချောမွေ့လွယ်ကူခြင်း

ငွေလွှဲပေးပို့မှုများကို အကောင့်တစ်ခုကနေ အခြားအကောင့်တစ်ခုသို့ပေးပို့နိုင်သလို ငွေသားထုတ်ယူမှုများလည်း ပြုလုပ်နိုင်ပါပြီ


လုံခြုံစိတ်ချမှုရှိခြင်း

သင့်မိသားစုထံသို့စိတ်အချရဆုံးနည်းလမ်းဖြင့်ငွေလွှဲဆောင်ရွက်လိုက်ပါ