သက်ငယ်ငွေစုဘဏ်အပ်ငွေစာရင်း
သက်ငယ်ငွေစုဘဏ်အပ်ငွေစာရင်း
ကမ္ဘောဇဘဏ်လီမိတက်၏ သက်ငယ်ငွေစုဘဏ်အပ်ငွေစာရင်းအား အသက်(၁၈)နှစ်မပြည့်သေးသော ကလေးများအတွက် မိဘများမှ ကလေးငယ်၏ နောင်ရေးအတွက်ရည်ရွယ်၍ ဖွင့်လှစ်ပေးနိုင်သော ငွေစုဘဏ်အပ်ငွေအမျိုးအစားတစ်ခုဖြစ်ပြီး အတိုးခံစားခွင့်ရှိသော အပ်ငွေအမျိုးအစားတစ်ခုဖြစ်ပါသည်။
မိဘများမှ သားသမီးများအား ငွေစုတတ်သည့် အလေ့အထအား မွေးမြူပေးနိုင်ခြင်း။
သက်ငယ်ငွေစုဘဏ်အပ်ငွေစာရင်း၏ အပ်ငွေပေါ်တွင် တစ်နှစ်လျှင် အတိုးနှုန်း ၅% အထိရယူနိုင်ပါသည်။
အတိုးရရှိနိုင်ရန်အတွက် ငွေပေးသွင်းရမည့်ရက်
လစဉ် လဆန်း (၁)ရက်နေ့မှ (၅)ရက်နေ့အထိ
အတိုးထုတ်ယူနိုင်မည့်လ
မတ်လကုန်၊ ဇွန်လကုန်၊ စက်တင်ဘာလကုန် နှင့် ဒီဇင်ဘာလကုန်
အသက်(၁၈)နှစ်ပြည့်ပြီးပါက သက်ငယ်ငွေစုဘဏ်အပ်ငွေမှ ငွေစုဘဏ်အပ်ငွေ (Saving Account)သို့ လွယ်ကူစွာ ပြောင်းလဲဖွင့်လှစ်၍ငွေစုနိုင်ခြင်း။
အသက်(၁၈)နှစ်ပြည့်ပြီးပါက သက်ငယ်ငွေစုဘဏ်အပ်ငွေမှ ငွေစုဘဏ်အပ်ငွေ (Saving Account)သို့ လွယ်ကူစွာ ပြောင်းလဲဖွင့်လှစ်၍ငွေစုနိုင်ခြင်း။
ငွေသွင်းငွေထုတ်ပြုလုပ်ခြင်း
သက်ငယ်ငွေစုဘဏ်အပ်ငွေစာရင်းဖွင့်လှစ်ထားသည့်ဘဏ်ခွဲတွင်သာ ဘဏ်ဖွင့်ရက်များအတွင်း အကြိမ်အရေအတွက် အကန့်အသတ်မရှိ ငွေသွင်းနိုင်ပြီး (၁)ပတ်လျှင် (၁)ကြိမ်ငွေပမာဏကန့်သတ်ချက်မရှိပဲ ငွေထုတ်ယူနိုင်ပါသည်။
ကနဦးအပ်ငွေ
၁၀၀၀ ကျပ်
အနည်းဆုံးလက်ကျန်ငွေ
၁၀၀၀ ကျပ်
အတိုးနှုန်း
၅%
(တစ်နှစ်)
အကျိုးကျေးဇူးများ

မိဘများမှ သားသမီးများ အား ငွေစုတတ်သည့် အလေ့အထအား မွေးမြူ ပေးနိုင်ခြင်း။

အသက်(၁၈)နှစ်ပြည့်ပြီးပါက သက်ငယ်ငွေစုဘဏ်အပ်ငွေမှ ငွေစုဘဏ်အပ်ငွေ (Saving Account) သို့ လွယ်ကူစွာ ပြောင်းလဲဖွင့်လှစ်၍ငွေစုနိုင်ခြင်း။

တစ်နှစ်လျှင် အတိုးနှုန်း ၅%

ဘဏ်ဖွင့်ရက်များအတွင်း ကန့်သတ်ချက်မရှိပဲ ငွေသွင်းငွေထုတ်လုပ်နိုင်ပါသည်
စာရင်းဖွင့်လှစ်ရာတွင် လိုအပ်သောအထောက်အထားစာရွက်စာတမ်းများ
- ငွေသွင်း/ငွေထုတ်တာဝန်ယူဆောင်ရွက်မည့် မိဘအုပ်ထိန်းသူ၏ နိုင်ငံသားစိစစ်ရေးကတ်မူရင်း
- အိမ်ထောင်စုဇယား မူရင်း/မိတ္တူ