Bank Statement & Balance Certificate
Bank Statement ဆိုသည်မှာ သတ်မှတ်ကာလတစ်ခုအတွင်း ဘဏ်အကောင့်တစ်ခုရှိ လုပ်ဆောင်ချက်အားလုံး (ငွေသွင်းခြင်း၊ ငွေထုတ်ခြင်း၊ ငွေလွှဲပြောင်းခြင်းနှင့် လက်ကျန်ငွေ) ကို ပြသသော ဘဏ်မှထုတ်ပေးသည့် တရားဝင်စာရွက်စာတမ်းတစ်ခုဖြစ်သည်။
Balance Certificate ဆိုသည်မှာ သတ်မှတ်ထားသောနေ့ရက်တစ်ခုအထိ ဘဏ်စာရင်းပိုင်ရှင်၏ လက်ရှိဘဏ်လက်ကျန်ငွေကို အတည်ပြုကြောင်း ဘဏ်မှထုတ်ပေးသည့် တရားဝင်စာရွက်စာတမ်းတစ်ခုဖြစ်သည်။
ယင်းတို့ကို ငွေကြေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံခြားသံရုံးများတွင် ဗီဇာလျှောက်ထားခြင်းနှင့် ဥပဒေရေးရာကိစ္စရပ်များအတွက် အများဆုံးတောင်းခံကြသည်။
ဝန်ဆောင်ခများ

Bank Statement
- ဘဏ်ခွဲတွင် Print ထုတ်ယူခြင်းအတွက် တစ်မျက်နှာလျှင် ၅၀၀ ကျပ်
- သံရုံးသို့ တိုက်ရိုက် အီးမေးလ်ပေးပို့ခြင်းအတွက် တစ်ကြိမ်လျှင် ၃,၀၀၀ ကျပ်

Balance Certificate
- ယခင်ရက်စွဲအတွက် တစ်ကြိမ်လျှင် ၅,၀၀၀ ကျပ်
- လက်ရှိရက်စွဲအတွက် တစ်ကြိမ်လျှင် ၁၀,၀၀၀ ကျပ်