စာရင်းသေအပ်ငွေစာရင်း
စာရင်းသေအပ်ငွေစာရင်း
စာရင်းသေအပ်ငွေစာရင်းသည် အသက်(၁၈)နှစ် ပြည့်ပြီးသည့် နိုင်ငံသားများအားလုံး စာရင်းဖွင့်လှစ် နိုင်ပြီး အထူးသဖြင့် ဘဏ်တွင် ကာလကြာရှည်စွာအပ်နှံထားမည့်သူများအတွက် အထူးသင့်လျော်သော စာရင်းအမျိုးအစားဖြစ်ပါသည်။ စာရင်းသေအပ်ငွေစာရင်းသည် သတ်မှတ်ထားသည့် အချိန်ကာလအပိုင်း အခြား ပေါ်မူတည်၍ မြင့်မားသောအတိုးနှုန်းများကို ခံစားရမည်ဖြစ်ပါသည်။
တစ်ဦး(သို့) တစ်ဦးထက်ပို၍ တွဲဖက်စာရင်းဖွင့်လှစ်နိုင်ခြင်း
ဘဏ်တွင်အပ်နှံထားသည့် ကာလအပိုင်းအခြားပေါ်မူတည်၍ မြင့်မားသောအတိုးနှုန်းများအားခံစားနိုင်ခြင်း
ငွေစုဘဏ်အပ်ငွေစာရင်းကဲ့သို့ လစဉ်အတိုးရရှိနိုင်ရန်အတွက် သတ်မှတ်ထားသည့်အချိန်အတွင်းသာငွေပေးသွင်းရန်မလိုအပ်ပဲ အခြားသောနေ့ရက်များ၌ပါ ငွေသွင်းနိုင်ခြင်း
သက်တမ်းကာလပြည့်မြောက်ခြင်းမရှိသော်လည်း အလွယ်တကူပြန်လည်ငွေထုတ်ယူနိုင်ခြင်း (သတ်မှတ်အတိုးနှုန်းခံစားခွင့်မရနိုင်ပါ)
စာရင်းဖွင့်လှစ်ခဲ့သည့်ဘဏ်ခွဲတွင် အပ်ငွေသက်တမ်း ပြည့်မြောက်ပါက အဆိုပါစာရင်းဖွင့်လှစ်ခဲ့သည့်ဘဏ်ခွဲ၌ ဘဏ်အတိုးနှင့်တကွ ပြန်လည်ထုတ်ယူနိုင်ပါသည်။
အပ်နှံထားနိုင်သည့် ကာလအပိုင်းအခြားနှင့် အတိုးနှုန်းများ
30 Days
6.5%
90 Days
6.5%
180 Days
6.6%
270 Days
6.75%
1 Year
7.25%
2 Year
*7.75%
3 Year
*8%
ကနေဦးအပ်ငွေ
၁,၀၀၀ ကျပ်
(မှတ်ချက်။ ။ ကျပ်ထောင် ဂဏန်းအလီလီဖြင့်သာ အပ်နှံနိုင်ပါသည်။)
အနည်းဆုံးလက်ကျန်ငွေ
၁,၀၀၀ ကျပ်
Interest Calculator
ဤအချက်အလက်များသည် သင် ရည်ညွှန်းကိုးကာရန်သာဖြစ်ပါသည်။ ရက်ထပ်နှစ်များတွင် တွက်ချက်မှုအပြောင်းအလဲရှိနိုင်ပါသည်။
Why choose this Account?

ဘဏ်တွင်အပ်နှံထားသည့် ကာလအပိုင်းအခြားပေါ်မူတည်၍ မြင့်မားသော အတိုးနှုန်းများအား ခံစားနိုင်ခြင်း

သက်တမ်းကာလ ပြည့်မြောက်ခြင်း မရှိသော်လည်း အလွယ်တကူ ပြန်လည်ငွေထုတ် ယူနိုင်ခြင်း

တစ်ဦး (သို့) တစ်ဦး ထက်ပို၍ တွဲဖက်စာရင်း ဖွင့်လှစ်နိုင်ခြင်း

စာရင်းဖွင့်လှစ်ခဲ့သည့်ဘဏ်ခွဲတွင် အပ်ငွေသက်တမ်း ပြည့်မြောက်ပါက အဆိုပါ စာရင်း ဖွင့်လှစ်ခဲ့သည့်ဘဏ်ခွဲ၌ ဘဏ်အတိုးနှင့်တကွ ပြန်လည်ထုတ်ယူနိုင်ပါသည်။
စာရင်းဖွင့်လှစ်ရာတွင် လိုအပ်သည့်အထောက်အထားစာရွက်စာတမ်းများ
- နိုင်ငံသားစိစစ်ရေးကတ်မူရင်း