ငွေစုဘဏ်အပ်ငွေစာရင်:
ငွေစုဘဏ်အပ်ငွေစာရင်း
ကမ္ဘောဇဘဏ်လီမိတက်၏ ငွေစုဘဏ်အပ်ငွေစာရင်းသည် အသက်(၁၈)ပြည့်ပြီးသော နိုင်ငံသားများအားလုံး ဖွင့်လှစ်နိုင်သော စာရင်း အမျိုးအစားတစ်မျိုးဖြစ်ပါသည်။ ငွေစုဘဏ်အပ်ငွေစာရင်းသည် အတိုးရရှိသောစာရင်း အမျိုးအစားဖြစ် ပါသည်။
ပုဂ္ဂိုလ်တစ်ဦးတည်းစာရင်း (သို့) တစ်ဦးထက်ပိုသော ပုဂ္ဂိုလ် များဖြင့် တွဲဖက်စာရင်းဖွင့်လှစ်နိုင်ခြင်း
တစ်နှစ်လျှင် အတိုးနှုန်း ၆%
(၃)လလျှင်တစ်ကြိမ်အတိုးထုတ်ယူနိုင်ခြင်း
အတိုးပေးသည့်လများတွင် အတိုးငွေမထုတ်ယူခဲ့ပါက နောက်လများအတွက် တိုးရင်းပေါင်း၍ တွက်ချက်ပေးခြင်း
ကိုယ်တိုင်ငွေထုတ်ယူနိုင်ခြင်းမရှိပါက ကိုယ်စားလှယ်ဖြင့် ငွေထုတ်ယူနိုင်ခြင်း (စာရင်းဖွင့်လှစ်ထားသည့် ဘဏ်ခွဲတွင်သာ)
နီးစပ်ရာမည်သည့်ကမ္ဘောဇဘဏ်ခွဲတွင်မဆို လွယ်ကူစွာဖြင့် ငွေသွင်း/ငွေထုတ်ပြုလုပ်နိုင်ခြင်း
ဘဏ်ဖွင့်ရက်များတွင် အကြိမ်အရေအတွက် အကန့်အသတ်မရှိ ငွေသွင်းနိုင်ပြီး (၁)ပတ်လျှင် (၁)ကြိမ်ငွေပမာဏကန့်သတ်ချက်မရှိပဲ ငွေထုတ်ယူနိုင်ပါသည်။
ဖွင့်လှစ်ထားရှိသည့် စာရင်းသို့ မည်သူမဆို ငွေပေးသွင်းနိုင်ခြင်း/စာရင်းပြောင်းပေးသွင်းနိုင်ခြင်း
နိုင်ငံတကာမှ ငွေလွှဲပေးပို့လိုပါက အဆိုပါဘဏ်စာရင်းသို့ တိုက်ရိုက်ငွေလွှဲပေးပို့နိုင်ခြင်း(မြန်မာကျပ်ငွေဖြင့်သာ ထည့်သွင်းပေးသည်)
ငွေစုဘဏ်အပ်ငွေစာရင်းစာအုပ်အား ဘဏ်တွင် အာမခံအဖြစ်ထားရှိ၍ ချေးငွေလျှောက်ထားနိုင်ခြင်း
ကမ္ဘောဇဘဏ်လီမိတက်၏ Online Banking ကို အသုံးပြု၍ အခြားသောဘဏ်လုပ်ငန်း ၀န်ဆောင်မှုများအား လုပ်ဆောင်နိုင်ခြင်း
ကနဦးအပ်ငွေ
၁,၀၀၀ ကျပ်
အနည်းဆုံးလက်ကျန်ငွေ
၁,၀၀၀ ကျပ်
၁၀,၀၀၀ ကျပ်
(အတိုးရရှိရန်)
အတိုးနှုန်း
–
၆%
တစ်နှစ်လျှင်
အတိုးရရှိနိုင်ရန်အတွက် ငွေပေးသွင်းရမည့်ရက်
လစဉ် လဆန်း (၁)ရက်နေ့မှ (၅)ရက်နေ့ အထိ
အတိုးထုတ်ယူနိုင်မည့်လ
မတ်လကုန်၊ ဇွန်လကုန်၊ စက်တင်ဘာလကုန်နှင့် ဒီဇင်ဘာလကုန်
Why choose this Saving Deposit Account?

High Interest rate
တစ်နှစ်လျှင် အတိုးနှုန်း ၆% ခံစားရရှိနိုင်ခြင်း

Take out a loan
ငွေစုဘဏ်အပ်ငွေစာရင်း စာအုပ်အား ဘဏ်တွင် အာမခံအဖြစ်ထားရှိ၍ ချေးငွေလျှောက်ထားနိုင်ခြင်း

International transfers
နိုင်ငံတကာမှ ငွေလွှဲ ပေးပို့လိုပါက အဆိုပါ ဘဏ်စာရင်းသို့ တိုက်ရိုက် ငွေလွှဲပေးပို့နိုင်ခြင်း

Online banking
Online Banking ကို အသုံးပြု၍ အခြားသော ဘဏ်လုပ်ငန်း ၀န်ဆောင်မှုများအား လုပ်ဆောင်နိုင်ခြင်း
စာရင်းဖွင့်လှစ်ရာတွင် လိုအပ်သော အထောက်အထား စာရွက်စာတမ်းများ
- နိုင်ငံသားစိစစ်ရေးကတ်မူရင်း