ကမ္ဘောဇဘဏ်ခွဲများကို အများပြည်သူ အလုပ်ပိတ်ရက်များအတွင်း ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားခြင်း

လေးစားအပ်ပါသော ကမ္ဘောဇဘဏ်သုံးစွဲသူ ပြည်သူများ

မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ညွှန်ကြားချက်အတိုင်း ဇူလိုင်လ ၁၇ ရက်နေ့မှ ၂၅ ရက်နေ့သည် အများပြည်သူအလုပ်ပိတ်ရက်ဖြစ်ပါသောကြောင့် မြန်မာတစ်နိုင်ငံလုံးရှိ ကမ္ဘောဇဘဏ်ခွဲများအားလုံးကို ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ 

ဘဏ်ပိတ်ရက်အတွင်း ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို KBZPay နှင့် KBZ iBanking/mBanking များမှတဆင့် ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း လေးစားစွာ အကြောင်းကြားအပ်ပါသည်။

အများပြည်သူအလုပ်ပိတ်ရက်များဖြစ်သော ဇူလိုင် ၁၇ မှ ၂၅ ရက်နေ့အတွင်း KBZ Bank Call Center သို့ နံနက် ၇ နာရီမှ ည ၁၀ အတွင်းတွင်သာ ဆက်သွယ်နိုင်မည်ဖြစ်ပါသည်။ ဇူလိုင်လ ၂၆ ရက်နေ့မှ စတင်ပြီး call center အား ၂၄ နာရီပြန်လည်ဆက်သွယ်နိုင်မည်ဖြစ်ပါသည်။

HNW နှင့် Credit Card Hotline များသို့ နံနက် ၉ နာရီမှ ည ၁၀ အတွင်းသာ ဆက်သွယ်နိုင်မည် ဖြစ်ပါသည်။ ဇူလိုင်လ ၂၆ ရက်နေ့မှ စတင်ပြီး ပုံမှန်အတိုင်း ၂၄ နာရီ ပြန်လည်ဆက်သွယ်နိုင်မည် ဖြစ်ပါသည်။

အများပြည်သူအလုပ်ပိတ်ရက်များဖြစ်သော ဇူလိုင် ၁၇ မှ ၂၅ ရက်နေ့အတွင်း KBZPay Call Center သို့ နံနက် ၇ နာရီမှ ည ၁၀ အတွင်းတွင်သာ ဆက်သွယ်နိုင်မည်ဖြစ်ပါသည်။ ဇူလိုင်လ ၂၆ ရက်နေ့မှ စတင်ပြီး call center အား ၂၄ နာရီပြန်လည်ဆက်သွယ်နိုင်မည်ဖြစ်ပါသည်။

အများပြည်သူအလုပ်ပိတ်ရက်များဖြစ်သော ဇူလိုင် ၁၇ မှ ၂၅ ရက်နေ့အတွင်း KBZPay အရောင်းကိုယ်စားလှယ် များနှင့် Operating account customer များအတွက် KBZPay Call Center သည် နံနက် ၉ နာရီမှ ည ၁၀ အတွင်းတွင်သာ ဆက်သွယ်နိုင်မည်ဖြစ်ပါသည်။ ဇူလိုင်လ ၂၆ ရက်နေ့မှ စတင်ပြီး call center အား ၂၄ နာရီပြန်လည်ဆက်သွယ်နိုင်မည်ဖြစ်ပါသည်။

လူကြီးမင်း၏ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။