ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုတို့အား ‌ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး (AML/CFT) ဆိုင်ရာတိုးတက်အကောင်ထည်ဖော်ဆောင်ရွက်နေမှုများ နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံဘဏ်များအသင်းမှ ထုတ်ပြန်ချက်

မြန်မာနိုင်ငံဘဏ်များအသင်း၏ အသင်းဝင်ဘဏ်များအနေဖြင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု ‌ငွေကြေးထောက်ပံ့မှု တိုက်ဖျက် ရေး (AML/CFT) ဆိုင်ရာ တိုးတက်အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံဘဏ်များအသင်းမှ အသင်းဝင်ဘဏ်များအသီးသီးသို့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ (၁၃) ရက်နေ့တွင်  ထုတ်ပြန်ချက်တစ်ရပ်ကို ဖြန့်ဝေခဲ့ပါသည်။

ယင်းထုတ်ပြန်ချက်တွင်

  • AML/CFT ဆိုင်ရာ တိုးတက်အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊
  • AML/CFT ဆိုင်ရာဆပ်ကော်မတီအား ဖွဲ့စည်းခြင်း၊
  • AML/CFT ဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာနယ်ပယ်(၃)အကောင်အထည်ဖော်မှုတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ချက်များ၊
  • ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ (FIU) သို့ သတင်းပေးပို့ချက်များပေးပို့ခြင်းနှင့် ညွှန်ကြားချက်များအား လိုက်နာ ဆောင်ရွက်ခြင်း၊
  • AMl/CFT ဆိုင်ရာ အသိပညာပေးသင်တန်းများ ဖွင့်လှစ်ပို့ချခြင်း၊
  • လူအများအပြားသေကြေစေသော လက်နက် ပြန့်ပွားမှုကို ငွေကြေးထောက်ပံ့မှုနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်စေရန် အသိပညာပေးခြင်း စသည့်ကိစ္စရပ်များအား အသင်းဝင်ဘဏ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံဘဏ် များအသင်းမှ အသိပေးထုတ်ပြန်ခဲ့ပါသည်။