ကမ္ဘောဇအိမ်ရာချေးငွေသုံးစွဲသူများအတွက် အခမဲ့ COVID စောင့်ရှောက်မှု

အခမဲ့ COVID စောင့်ရှောက်မှု သည် ကမ္ဘောဇဘဏ် မှ ၎င်း၏ ကမ္ဘောဇအိမ်ရာ ချေးငွေ ရယူထားသူများထံသို့ အခမဲ့ ပေးအပ်သွားမည့် စောင့်ရှောက်မှုတစ်ခုဖြစ်သည်။ ယခု စောင့်ရှောက်မှုသည် ကမ္ဘောဇ အိမ်ရာ ချေးငွေ ရယူထားသူများအားလုံး လျှောက်ထားနိုင်မှာ ဖြစ်ပြီး ကံမကောင်းစွာဖြင့် COVID-19 ကြောင့် အသက်ဆုံးရှုံးခဲ့ပါက ရယူနိုင်မည့် အကျိုးခံစားခွင့် တစ်ခုဖြစ်သည်။

အာမခံချက် အကျိုးသက်ရောက်မှု 

  • အကာအကွယ်ပေးမှု – Covid-19 ကြောင့် အသက်ဆုံးရှုံးခြင်း
  • စောင့်ရှောက်မှု ငွေပမာဏ – ၅၀၀,၀၀၀ ကျပ်
  • အစီအစဉ် အကျုံးဝင်ချိန် – ဇွန်လ မှ ဒီဇင်ဘာလ ၂၀၂၀ အထိ

အကျိုးခံစားခွင့်ရှိသူအား စာရင်းပေးသွင်းခြင်း 

အကျိုးခံစားခွင့်သူအား စာရင်းသွင်းမည့် ဖောင် အား ဒေါင်းလုပ် ရယူကာ လိုအပ်သည့် အချက်အလက်များအား ဖြည့်စွက်ပြီး စာရွက်စာတမ်းအား ကမ္ဘောဇအိမ်ရာ ချေးငွေဌာနများသို့ သွားရောက် တင်သွင်းရပါမည်။

အကျိုးခံစားခွင့်အား လျှောက်ထားခြင်း

  1. Customer အသက်ဆုံးရှုံးခဲ့ပါက အကျိုးခံစားခွင့်ရှိသူသည် [email protected] သို့ ဆက်သွယ်လာရပါမည်။
  1. တောင်းဆိုချက်နှင့်အတူ အကျိုးခံစားခွင့်ရှိသူသည် အောက်ပါ အချက်အလက်များကို ပေးအပ်ရပါမည်။
    1. Customer သည် Covid-19 ကြောင့် အသက်ဆုံးရှုံးရကြောင်း  သက်သေနှင့်တကွ တာဝန်ရှိအစိုးရ အာဏာပိုင် များမှ ထုတ်ပေးသည့် သေစာရင်း
    2. Customer ၏ အချက်အလက်များ (ဆိုလိုသည်မှာ- ချေးငွေစာရင်းနံပါတ်၊ Customer ၏ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် အစရှိသည်- customer ကို အတည်ပြုသတ်မှတ်ရန် အတွက် အသေးစိတ်အချက်အလက်များ)
  2. အထက်တွင်ဖော်ပြခဲ့သည့် အီးမေးလ်လိပ်စာသို့ ပေးပို့သည့် အချက်အလက်များတွင် အချက်အလက်အချို့ လိုအပ်နေသည်များရှိပါက ကမ္ဘောဇဘဏ်သည် အာမခံကြေးတောင်းဆိုမှု ဖြေရှင်းနိုင်ရန်အတွက် လိုအပ်သော အချက်အလက်များ တောင်းဆိုနိုင်ရန် အကျိုးခံစားခွင့်ရှိသူထံသို့ ဆက်သွယ်ပါမည်။