အိမ်ရာချေးငွေ

Q & A

အိမ်ရာချေးငွေ လျှောက်ထားရန် အချိန်မည်မျှကြာမည်နည်း ?

အနည်းဆုံး အလုပ်လုပ်ရက် (၁၄)ရက်ခန့်ကြာမြင့်နိုင်ပါသည်။

အိမ်ရာချေးငွေ လျှောက်ထားနိုင်ရန် ငွေကြေးမည်မျှရှိရမည်နည်း ?

KBZ Website စာမျက်နှာတွင် ဖော်ပြထားသော Calculator ဖြင့်လျှောက်ထားနိုင်မည့်ချေးငွေပမာဏ၊ ချေးငွေသက်တမ်း၊ လစဉ်ပေးသွင်းရမည့် ပမာဏနှင့် ချေးငွေ ပမာဏပေါ်ကျသင့်မည့်အရင်းနှင့် အတိုးစုစုပေါင်းတို့ကို တွက်ချက်ကြည့်နိုင်ပါသည်။

အိမ်ရာချေးငွေအကြောင်း မည်သည့်နေရာများတွင် စုံစမ်းသိရှိနိုင်သနည်း ?

အိမ်ရာချေးငွေ လျှောက်ထားနိုင်သော ကမ္ဘောဇဘဏ်ခွဲများ၊ ကမ္ဘောဇဘဏ်၏ Website စာမျက်နှာ၊ သက်ဆိုင်ရာဖုန်းများမှ တစ်ဆင့်စုံစမ်းသိရှိနိုင်ပါသည်။

(၂)ဦးပေါင်း လစာဝင်ငွေဖြင့်လျှောက်ထားနိုင်ပါသလား ?

လျှောက်ထားနိုင်ပါသည်။

အိမ်ရာချေးငွေအား မည်သည့်အချိန်တွင် ပြန်လည်ဆပ်ရမည်နည်း ?

လျှောက်ထားသူ၏ ကနေဦးပေးသွင်းငွေ (DownPayment)၊ အသက်နှင့် လစဉ်ဝင်ငွေတို့ပေါ်တွင်မူတည်၍ အိမ်ရာတန်ဖိုးအလိုက် (၃)နှစ်မှ (၁၅)နှစ်အတွင်းပြန်လည်ဆပ်သွားရပါမည်။

အာမခံပစ္စည်းပေးဆောင်ရန်လိုအပ်ပါသလား ?

၀ယ်ယူမည့်အိမ်ရာသည် အာမခံပစ္စည်းဖြစ်သောကြောင့် ထပ်မံပေးဆောင်ရန် မလိုအပ်ပါ။

အိမ်ရာချေးငွေအား ပြန်လည်ဆပ်ရမည့်ပုံစံနှင့် အတိုးနှုန်းထားကို မည်သို့သတ်မှတ်ထားပါသနည်း ?

လစဉ်အရစ်ကျ ပြန်လည်ဆပ်ရမှာဖြစ်ပြီး အတိုးနှုန်းအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတ်မှတ်ထားသော အတိုးနှုန်းထားအတိုင်းကောက်ခံသွားမည်ဖြစ်ပါသည်။

Want to open this account?

CONTACT US TODAY

Call us now

and speak to one of our advisors

(+95) 1-2306214

(+95) 9-444000700

(+95) 9-444000800

Apply in Branch

Find your nearest KBZ branch and come and talk to one of our advisors in person