EXCHANGE RATES 02/15/2019
USD BUY 1500 SELL 1520
SGD BUY 1085 SELL 1110
THB BUY 46.8 SELL 49
EUR BUY 1660 SELL 1685
EXCHANGE RATES     02/15/2019
USD BUY 1500 SELL 1520
SGD BUY 1085 SELL 1110
EUR BUY 1660 SELL 1685
THB BUY 46.8 SELL 49

အိမ်ရာချေးငွေ

ကိုယ်ပိုင်အိမ်ပိုင်ဆိုင်ချင်သော စိတ်ကူးအိပ်မက်များ အမှန်တကယ်အကောင်အထည်ပေါ်လာစေမည့် ဘဏ္ဍာရေးစီမံကိန်း (financial plan) တစ်ခုဖြစ်ပါသည်။ အိမ်ရာတန်ဖိုး၏ အနည်းဆုံး ၃၀% ကနဦးပေးသွင်းပြီး (၃)နှစ်မှ (၂၅)နှစ်အတွင်း အတိုး၊ အရင်း လစဉ်ပြန်လည်ဆပ်သွားရုံဖြင့် စိတ်ကူးအိပ်မက်တွေထဲ အိမ်တစ်လုံးကို လက်တွေ့ပိုင်ဆိုင်စေမှာပါ။

အိမ်ရာချေးငွေ လျှောက်ထားရန်

Property အမျိုးအစား

  • တိုက်ခန်း နှင့် ကွန်ဒိုမီနီယံ
  • မြေနှင့် အဆောက်အဦ
  • အိမ်ဆောက်လုပ်မည့် ချေးငွေ (ကိုယ်ပိုင်မြေ)

၀န်ဆောင်မှုများ

  • သိန်း(၂၀၀) အထက် တိုက်ခန်းများ၊ ကွန်ဒိုများ၊ လုံးချင်းအိမ်များ
  • ၃နှစ် မှ ၂၅နှစ် စသည်ဖြင့် ချေးငွေသက်တမ်း ထုတ်ချေးပေးရန် ရည်ရွယ်ပါသည်။

ချေးငွေ လျှောက်ထားခွင့်ရှိ်သူများ

  • အသက် ၁၈နှစ်မှ ၆၅နှစ် အထိ ကျန်းမာ သန်စွမ်းပြီး ပုံမှန်ဝင်ငွေ ရှိသည့် ပဋိညာဉ် ပြုနိုင်သူ ဖြစ်ရမည်။

လျှောက်ထားမည့်သူ၏

  • အမျိုးသားမှတ်ပုံတင်
  • ပတ်စပို့ (Passport ရှိလျှင်)
  • ဓါတ်ပုံ (ပတ်စပို့အရွယ်အစား)
  • အိမ်ထောင်စုဇယား
  • ရပ်ကွက်နေထိုင်ကြောင်းထောက်ခံစာ

အထက်ပါ (၆)ခုအပြင် ဝန်ထမ်းဖြစ်ပါက

  • အလုပ်ရှင်၏ထောက်ခံချက် (ရာထူး၊ လုပ်သက်၊ လစာ)
  • နိုင်ငံတော်သို့ အခွန်ပေးသွင်းမှု မှတ်တမ်း (စာအုပ်/ ပြေစာမိတ္တူ)
  • လက်ရှိအသုံးပြုနေသည့် ဘဏ်စာရင်းရှင်းတမ်း (၆) လစာ
  • အိမ်ငှါးနေထိုင်သူဖြစ်ပါက အိမ်ငှါးစာချုပ်မိတ္တူ

ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူဖြစ်ပါက

  • လုပ်ငန်းလိုင်စင်
  • ဘဏ္ဍာရေးစာရင်းရှင်းတမ်း (၃နှစ်)
  • ငွေသားစီးဆင်းမှုရှင်းတမ်း (၆လ)
  • နိုင်ငံတော်သို့အခွန်ပေးသွင်းမှု မှတ်တမ်း (စာအုပ်/ပြေစာမိတ္တူ)

ကုမ္ပဏီအမည်ဖြင့်လျှောက်ထားမည့်သူဖြစ်ပါက

  • Certification of Incorporation
  • ပုံစံ (၆)၊ ပုံစံ(၂၆)၊ ပုံစံ(င)
  • ကုမ္ပဏီ၏ဖွဲ့စည်းပုံဇယား
  • ဒါရိုက်တာအစည်းအဝေးဆုံးဖြတ်ချက်
  • ဘဏ္ဍာရေးစာရင်း ရှင်းတမ်း (၃နှစ်)
  • ငွေသားစီးဆင်းမှု ရှင်းတမ်း (၆လ)
  • နိုင်ငံတော်သို့ အခွန်ပေးသွင်းမှုမှတ်တမ်း (စာအုပ်/ပြေစာမိတ္တူ)
  • သင်းဖွဲ့ မှတ်တမ်း နှင့် သင်းဖွဲ့ စည်းမျဉ်း

ချေးငွေ စည်းကမ်းချက်များနှင့် သတ်မှတ်ချက်များ

  • ပုံမှန် Customer များအတွက် Properties Value ၏ ရ၀% ကိုအများဆုံးထုတ်ချေးပေးသွားပါမည်။
  • အတိုးနှုန်းသည် ဗဟိုဘဏ် ချမှတ်ပေးထားသော စည်းကမ်းအတိုင်း တစ်နှစ်လျှင် ၁၃% ဖြင့်ကောက်ခံမည်ဖြစ်ပါသည်။
  • အတိုးတွက်ချက်ပုံကို Amortize Reducing (EMI Method) ဖြင့်တွက်ချက်မည်ဖြစ်ပြီး နောက်ကျကြေးများကို နောက်ကျသည့်ရက်အလိုက်(Daily Basic ) ဖြင့်သာ တွက်ချက် ကောက်ခံမည် ဖြစ်ပါသည်။
  • ဘဏ်ဝန်ဆောင်ခ အဖြစ် ၀ယ်ယူသည့်တိုက်ခန်း၊ကွန်ဒို၊ အိမ်ခြံမြေ တန်ဖိုး ၏ 1% ကို တိုက်ခန်းဝယ်ယူသူထံမှ တစ်ကြိမ်သာ ကောက်ခံမည်ဖြစ်ပါသည်။
  • လစဉ်ပေးဆပ်ရမည့် အတိုးနှင့် အရင်း စုစုပေါင်းကို Customer ၏ စာရင်းရှင် စာရင်း(Current Account)ထဲမှ လစဉ်နှုတ်ယူမည်ဖြစ်ပါသည်။
  • ချေးငွေ သက်တမ်းကို (၃) နှစ်မှ (၂၅) နှစ်အထိ ချေးယူနိုင်ပါသည်။
  • ချေးငွေ လစဉ်ပြန်လည်ပေးဆပ်ရမည့် ရက်သည် ချေးငွေ စတင်ချေးယူသည်ရက်ဖြစ်ပါသည်။(ဥပမာ- အောက်တိုဘာလ ၁၅ရက် ၂၀၁၇ တွင် စတင်ချေးယူသော သူသည် အောက်တိုဘာလ၁၅ ရက် ၂၀၁၈ တွင် သက်တမ်း တစ်နှစ်ဖြစ်သည်။)
  • Customer သည် ချေးငွေ ပြန်ဆပ်ရမည့်ရက်ထက် အများဆုံး (၅)ရက်သာ နောက်ကျ၍ ပြန်ဆပ်ခွင့်ရှိသည်။ ထို(၅)ရက် အတွင်းပြန်ဆပ်ပါက နောက်ကျကြေးတစ်စုံတစ်ရာ ကောက်ခံမည်မဟုတ်ပဲ (၅)ရက်ထက်ပို၍ နောက်ကျပါက စေ့ရောက်သည့်နေ ့မှစပြီး နောက်ကျသည့် ရက်အလိုက်ပေးဆပ်ရမည့် amount ပေါ်တွင် { [ ပေးဆပ်ရမည့် amount × ၁၃% × နောက်ကျသည့်ရက် ] ÷365 }ဖြင့်တွက်ချက်၍ နောက်ကျကြေးကောက်ခံပါမည်။
  • ချေးငွေ သက်တမ်း အတွင်း (၃) ကြိမ်ထက်ပို၍ နောက်ကျခွင့် မရှိပါ။
  • ချေးငွေ ကြိုတင်ပေးဆပ်ခြင်းအတွက် ကိုမူ ချေးငွေသက်တမ်း (၁)နှစ်မှ (၃)နှစ်အတွင်းဖြစ်ပါကPenalty fee 3% ကို လက်ကျန်ပေးဆပ်ရန်ကျန်သည့် အရင်းပေါ်တွင် တွက်ချက် ပေးဆောင်၍စာချုပ်ဖျက် သိမ်းနိုင်ပါသည်။
  • ချေးငွေသက်တမ်း (၃)နှစ်နှင့် အထက် ဖြစ်ပါက တစ်စိတ်တစ်ပိုင်း ပြန်လည်ပေးဆပ်ခြင်း အတွက်ပေးဆပ်မည့် amount ပေါ်တွင် (၁.၅%) ပြစ်ဒဏ်ကြေးကောက်ခံမည်ဖြစ်ပြီး ၊ အပြေအကြေ တစ်လုံးတစ်ခဲတည်း တစ်ကြိမ်တည်း ပေးဆပ်ခြင်းဖြစ်ပါက ပြစ်ဒဏ်ကြေးလုံးဝ ကောက်ခံမည် မဟုတ်ပဲ လက်ကျန် ချေးငွေအရင်း သက်သက်သာ ပေးဆပ်၍ အတိုးပေးဆပ်စရာ မလိုပဲ စာချုပ်ဖျက်သိမ်း နိုင်မည်ဖြစ်ပါသည်။
  • အိမ်ရာ ချေးငွေ လျှောက်ထားခြင်းအတွက် မည်သည့် စိတ်ကြိုက်အိမ် မဆိုကိုယ်တိုင်ရှာဖွေ၍လျှောက်ထားနိုင်ပါသည်။
  • တစ်ဦး (သို ့မဟုတ်) တစ်ဦးထက်ပို၍ တွဲဖက်လေ ျှာက်ထားနိုင်ပါသည်။

Q & A

အိမ်ရာချေးငွေ လျှောက်ထားရန် အချိန်မည်မျှကြာမည်နည်း ?

အနည်းဆုံး အလုပ်လုပ်ရက် (၁၄)ရက်ခန့်ကြာမြင့်နိုင်ပါသည်။

အိမ်ရာချေးငွေ လျှောက်ထားနိုင်ရန် ငွေကြေးမည်မျှရှိရမည်နည်း ?

KBZ Website စာမျက်နှာတွင် ဖော်ပြထားသော Calculator ဖြင့်လျှောက်ထားနိုင်မည့်ချေးငွေပမာဏ၊ ချေးငွေသက်တမ်း၊ လစဉ်ပေးသွင်းရမည့် ပမာဏနှင့် ချေးငွေ ပမာဏပေါ်ကျသင့်မည့်အရင်းနှင့် အတိုးစုစုပေါင်းတို့ကို တွက်ချက်ကြည့်နိုင်ပါသည်။

အိမ်ရာချေးငွေအကြောင်း မည်သည့်နေရာများတွင် စုံစမ်းသိရှိနိုင်သနည်း ?

အိမ်ရာချေးငွေ လျှောက်ထားနိုင်သော ကမ္ဘောဇဘဏ်ခွဲများ၊ ကမ္ဘောဇဘဏ်၏ Website စာမျက်နှာ၊ သက်ဆိုင်ရာဖုန်းများမှ တစ်ဆင့်စုံစမ်းသိရှိနိုင်ပါသည်။

(၂)ဦးပေါင်း လစာဝင်ငွေဖြင့်လျှောက်ထားနိုင်ပါသလား ?

လျှောက်ထားနိုင်ပါသည်။

အိမ်ရာချေးငွေအား မည်သည့်အချိန်တွင် ပြန်လည်ဆပ်ရမည်နည်း ?

လျှောက်ထားသူ၏ ကနေဦးပေးသွင်းငွေ (DownPayment)၊ အသက်နှင့် လစဉ်ဝင်ငွေတို့ပေါ်တွင်မူတည်၍ အိမ်ရာတန်ဖိုးအလိုက် (၃)နှစ်မှ (၁၅)နှစ်အတွင်းပြန်လည်ဆပ်သွားရပါမည်။

အာမခံပစ္စည်းပေးဆောင်ရန်လိုအပ်ပါသလား ?

၀ယ်ယူမည့်အိမ်ရာသည် အာမခံပစ္စည်းဖြစ်သောကြောင့် ထပ်မံပေးဆောင်ရန် မလိုအပ်ပါ။

အိမ်ရာချေးငွေအား ပြန်လည်ဆပ်ရမည့်ပုံစံနှင့် အတိုးနှုန်းထားကို မည်သို့သတ်မှတ်ထားပါသနည်း ?

လစဉ်အရစ်ကျ ပြန်လည်ဆပ်ရမှာဖြစ်ပြီး အတိုးနှုန်းအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတ်မှတ်ထားသော အတိုးနှုန်းထားအတိုင်းကောက်ခံသွားမည်ဖြစ်ပါသည်။

Call us now

and speak to one of our advisors

(+95) 1-2306214
(+95) 9-444000700
(+95) 9-444000800